Connect with us

Hi, what are you looking for?

News

ပုလဲမြို့မရဲစခန်းကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ပုလဲမြို့မရဲစခန်းအား ယခုနှစ်အတွင်း ဖေဖော်ဝါရီနှင့် မတ်လအတွင်းကတစ်ကြိမ်စီ၊ဧပြီ ၁၆ ရက်ညက ရှော့တိုက်ဒုံး နှစ်လုံးဖြင့်တစ်ကြိမ်၊ စုစုပေါင်းသုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသည်။

(ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ စစ်ဆင်ရေးတစ်ခုကအပြန် ပြည်သူများက ကြိုဆိုနေကြစဥ်။)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ မြို့မရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၂၆ ရက် ညနေ ၅ နာရီအချိန်က ပုလဲမြို့ မြို့မရဲစခန်းကို (၈၀)မမ လက်နက်ကြီး ၂၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ညနေ ၄နာရီမှ ၅နာရီအထိ ၁နာရီကြာ ပစ်ခတ်ခဲ့ပြီး ထိခိုက်ကျဆုံးမှုစာရင်းအသေးစိတ်ကို မသိရှိရသေးကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ထို့အပြင် ရဲဘော်တစ်ဦးအသေးစားဒဏ်ရာရရှိခဲ့သည်မှအပ အခြားထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

Public Service Announcement

“သူတို့ဘက်က ပြန်ပစ်တယ်။လက်နက်ကြီးတွေနဲ့ပြန်ပစ်ခတ်ခဲ့တဲ့အပြင် စနိုက်ပါတွေနဲ့ပါပစ်ခတ်ခံခဲ့ရပါတယ်။ တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်။တိုက်ပွဲတစ်ပွဲဆင်တိုင်းဆင်တိုင်း ကုန်ကျစရိတ်က ၂၀အထက်မှာရှိပါတယ်။ ပြည်သူတွေအနေနဲ့ အဲလိုပွဲမျိုးတွေ များများတွေ့ချင်ပါလား။ တွေ့ချင်ရင်ကျွန်တော်တို့အဖွဲ့ကိုများများထောက်ပံ့ပေးကြပါ။ ကျားသစ်နက်ကို လက်နက်သာတပ်ဆင်ပေးကြပါ။ ကျွန်တော် အသက်နဲ့ရင်းပြီးခုခံတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့မရဲစခန်းအား ယခုနှစ်အတွင်း ဖေဖော်ဝါရီနှင့် မတ်လအတွင်းကတစ်ကြိမ်စီ၊ဧပြီ ၁၆ ရက်ညက ရှော့တိုက်ဒုံး နှစ်လုံးဖြင့်တစ်ကြိမ်၊ စုစုပေါင်းသုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။