Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းအ​ရှေ့ပိုင်းစစ်​ရေးပြင်းထန်​နေ၍လမ်းများပိတ်ထား

အကြမ်းဖက်စစ်ကောင်စီတပ်ကား တစ်ရာနီးပါးအား လက်တလောရင်ဆိုင်တိုက်ခိုက်နေပြီး သတင်းကောင်းများရှိကြောင်း၊ အပြည့်အစုံထပ်မံတင်ပေးမည်ဟု ​ဗိုလ်တော်ဝင်က ပြောသည်။

(MPDF တပ်ဖွဲ့ဝင်များ)

စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းတစ်လျှောက် လမ်းပိတ်ထားမည်ဟု MDF – PDF တပ်ရင်း၁ မှ ဗိုလ်တော်ဝင်က ပြောသည်။

“စစ်ကိုင်းတိုင်း စစ်ရေးပြင်းထန် အခြေအနေပါ။
ပွဲများစွာနဲ့ ဧပရယ်ပါပဲ။ ချောင်းဦး – မုံရွာ ကစပြီး တန့်ဆည်၊ လမ်းဆုံ၊ ရေဦး မြန်မာပြည်အထက်ပိုင်း တောက်လျှောက် ဒီကနေ့ပဲ ကျွန်တော်တို့ PDF တွေ လမ်းပိတ်လိုက်ပြီဖြစ်ပါတယ်။ အိမ်စီးကား၊ ကုန်တင်ကား တစ်စီးမှ ဖြတ်သန်းသွားလာဖို့ခွင့်ပြုသွားမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ဘေးကင်းရေးအတွက်မို့ နားလည်ပေးဖို့ မျှော်လင့်တယ်။”ဟု ဗိုလ်တော်ဝင်က​ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ကား တစ်ရာနီးပါးအား လက်တလောရင်ဆိုင်တိုက်ခိုက်နေပြီး သတင်းကောင်းများရှိကြောင်း၊ အပြည့်အစုံထပ်မံတင်ပေးမည်ဟု ​ဗိုလ်တော်ဝင်က ပြောသည်။

အကြမ်းဖက်စစ်တပ်သည် သင်္ကြန်အပြီးကာလတွင် စစ်ကိုင်းတိုင်းအတွင်း အင်အားအများအပြား​ဖြင့် စစ်ကြောင်းထိုးနေပြီး စစ်ကိုင်းတိုင်း၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ချောင်းဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ရွှေဘို၊ ကျောက်မြောင်း၊ ဝက်လက်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ကလေး၊ တမူး၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ အစရှိသည့် စစ်ကိုင်းတိုင်းတစ်တိုင်းလုံးနီးပါး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook