Connect with us

Hi, what are you looking for?

News

လက်နက်ကြီးထိတဲ့ ညီအမနှစ်ဦးအနက် ၁၂ အရွယ်ကလေးငယ်သေဆုံး

ဒဏ်ရာရာသူ ညီအစ်မနှစ်ဦးထဲက အသက်(၁၂)နှစ်အရွယ် နော်သဒါးကို ဒေသတွင်းမှာရှိတဲ့ ကျန်းမာရေးနဲ့ပြန်လည်ထူထောင်ရေး ဆေးတပ်သားတွေကနေ အတတ်နိုင်ကြိုးစားဆေးကုသပေးနေပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက်ကြောင့် မနေ့ မေလ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကေအဲန်ယူ-ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ရပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ထားပါတယ်။

မေ ၇ ရက် နေ့လည် ၁၂ နာရီအချိန်က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ် တဒွီးခိုကျေးရွာထဲကို ကူးဆိပ်အခြေစိုက် စကခ(၈)လက်အောက်ခံ ခမရ(၄၀၈)တပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လေးချက်ပစ်ခတ်ခဲ့တာပါ။

အဲ့ဒီလိုပစ်ခတ်ခဲ့ရာ တဒွီးခိုကျေးရွာအတွင်းမှာ ညီအစ်မနှစ်ဦးဖြစ်တဲ့ အသက်(၁၆)နှစ်အရွယ် နော်အယ်ဆိနဲ့ အသက်(၁၂)နှစ်အရွယ် နော်သဒါးတို့ဟာ ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒဏ်ရာရာသူ ညီအစ်မနှစ်ဦးထဲက အသက်(၁၂)နှစ်အရွယ် နော်သဒါးကို ဒေသတွင်းမှာရှိတဲ့ ကျန်းမာရေးနဲ့ပြန်လည်ထူထောင်ရေး ဆေးတပ်သားတွေကနေ အတတ်နိုင်ကြိုးစားဆေးကုသပေးနေပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက်ကြောင့် မနေ့ မေလ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်အခါမှာ စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့ရှေ့တန်းတပ်စခန်းတွေအတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို မြေပြင်ကနေ ခြေလျင်နဲ့ပြန်လည်ပို့ဆောင်ဖို့ ကြိုးစာကြံစည်နေချိန်မှာ ကတိုင်တိနဲ့ ကူးဆိပ်ကားလမ်းမတစ်လျှောက်ရှိ ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်ခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။