Connect with us

Hi, what are you looking for?

News

ပူတာအိုကို လက်နက်ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်အား KIAနှင့် PDF တိုက်ခိုက်

ကချင်ပြည်နယ် ပူတာအိုဒေသသို့ လက်နက်နှင့် ရိက္ခာများလာပို့သည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(pDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့၍ ယမန်နေ့(မေလ ၁၇ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပူတာအိုဒေသခံက ပြောသည်။

မြစ်ကြီးနား – ပူတာအိုလမ်းရှိ ပြည်သူများကို စစ်ကောင်စီက သွားလာရေး ကန့်သတ်ထား၍ အခက်ကြုံနေရ

“မနေ့ကတော့ မိုင်ထောင်နဲ့ ခဂရန်း ကြားမှာဖြစ်တယ်။ ဒါပေမဲ့ အသေအပျောက် ဘယ်လောက်ရှိတယ်ဆိုတာ မသိသေးဘူး။ အဓိကတော့ စစ်ကောင်စီက ပူတာအိုကို ထောက်ပို့ပေါ့နော် သူတို့ရဲ့ စစ်လက်နက်တွေရော ရိက္ခာတွေရော လာပြီးတော့ ပို့တာ အဲဒါကြောင့် KIAနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ပွဲတွေဖြစ်ကြတာ”ဟု ပူတာအိုဒေသခံက ပြောသည်။

ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားသည်ကိုမူ မကြားရသေးကြောင်း၊ သို့ရာတွင် စစ်ကောင်စီတပ်များက ဒေသခံများ၏ သွားလာရေး ကိစ္စများကို ကန့်သတ်ထား၍ အခက်အခဲကြုံနေရကြောင်း ၎င်း ကဆိုသည်။

ဓနယ်မြေဒေသကကျတော့ မြို့ပေါ်မှာ နည်းနည်းအေးဆေးတယ်။ ဒါပေမဲ့ ရွာဘက်တွေကျတော့ တိုက်ပွဲတွေ နည်းနည်း ပြင်းထန်ပြီးတော့ ရွာတွေတောင်ထွက်ပြေးနေရတာရှိတယ်။ သူတို့ကျတော့ သွားရေးလာရေး တောင်ယာသွားတာတို့ လယ်သွားတာတို့ တောထဲသွားတာတို့ ဆိုရင် အကုန်လုံး ခွင့်တိုင်ပြီးတဲ့အခါကျတော့ ပြီးရင် ၆နာရီ နောက်ပိုင်း အကုန် အိမ်ပြန်ရောက်ရမယ်ဆိုတာမျိုးတွေ ကန့်သတ်ထားတယ်။ ရွာကနေ ၂မိုင်ထက် ဝေးတဲ့နေရာမျိုးတွေ မသွားရဘူးဆိုတာမျိုး ကန့်သတ်တဲ့အခါကျတော့ အခုက အကုန်လုံးက တောင်သူတွေပဲ နေတဲ့အခါ တောတောင်ကို စိတ်ကြိုက်သွားလို့မရတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ကန့်သတ်မှုများ ရေရှည်လုပ်ဆောင်ပါက ဒေသခံများ ဝမ်းစာဖူလုံရေးအတွက် အခက်အခဲဖြစ်စေနိုင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။