Connect with us

Hi, what are you looking for?

LuduNwayOo

News

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးရှိ၊ စစ်ကောင်စီစခန်းမှလက်နက်ခဲယမ်းအများအပြားရဟု KNU တပ်မှူးပြော

မြ၀တီမြို့နယ် သေ့ဘောဘိုး ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားရရှိကြောင်း စစ်မြေပြင်မှ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မှူးတစ်ဦးက ပြောကြားသည်။

​သေ့​ဘောဘိုး စခန်းကို Google Map မှ​တွေ့ရစဥ်

●တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀ ခန့်ထိုင်းဘက်တိမ်းရှောင်

အဆိုပါ စစ်ကောင်စီတပ်စခန်းကို မေလ ၁၇ရက်ညပိုင်းက KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ယနေ့ မေလ ၁၈ရက် နံနက် ၁၁နာရီကျော်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါစခန်းသည် စစ်​ကောင်စီတပ်၏ အဓိက စခန်းကြီးတစ်ခုဖြစ်သည်။

“ကရင်တပ်မှူးတစ်ဦးက အတည်ပြုပြောဆိုတယ်။ ဒီမနက် ၁၁နာရီ ကျော်မှာ သေ့ဘောဘိုးစခန်းကို သူတို့ သိမ်းပိုက်ရရှိခဲ့တယ်။ နောက် ဒီစခန်းမှာလည်း လက်နက်ခဲယမ်းအမြောက်အများတွေကိုလည်း သိမ်းပိုက်ရရှိတယ်ဆိုပြီး အတည်ပြုပြောတယ်” ဟု ကရင်တိုင်းရင်းသား သတင်းရင်းမြစ်က KNU တပ်မှူး၏ ပြောကြားချက်ကို ဘာသာပြန်ရှင်းပြပေးသည်။

သေ့​ဘောဘိုးစခန်းသိမ်းပြီး​နောက် KNU အလံလွှင့်ထူစဥ်

တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပြီး အ​ရေအတွက်ကိုစိစစ်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“နှစ်ဖက်ထိခိုက်ကျဆုံးမှုကရှိတယ်တဲ့။ လောလောဆယ်တော့ သူတို့လည်း စာရင်းဇယားတွေ လုပ်လို့မပြီးသေးတော့ သတင်းမထုတ်ပြန်နိုင်သေးဘူးလေ။ ကျွန်တော်သိသလောက်ဆိုရင် ကရင်ဘက်မှာ ၁ယောက်ကျတယ် ၃၊ ၄ယောက်လောက် ဒဏ်ရာရတယ်။ စစ်တပ်ဘက်ကလည်း ကျတာတွေရှိတယ်လို့ပြောတယ်” ဟု နယ်စပ်ရှိ ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

စစ်​ဘေးဒုက္ခသည်များကို ထိုင်းနိုင်ငံဘက်ခြမ်းမှ လက်ခံကူညီ​ပေး​​နေသည်။ ။ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ

သေ့ဘောဘိုးတိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ယနေ့ နေ့လည်ပိုင်းက ပြောကြားထားသည်။

တိုက်ပွဲ၏ ဂယက်ကြောင့် မြန်မာဘက်မှ စစ်ရှောင် ၃၀၀ ခန့် ထိုင်းနိုင်ငံ မဲဆောက်နှင့် ဆက်စပ် နေသည့် ဖို့ဖိတ်မြို့နယ် ၌ တိမ်းရှောင်ခဲ့ကြရသည်ဟုဆိုသည်။

“ထိုင်းဘက်ခြမ်းကို မြန်မာစစ်ဘေးရှောင် ၃၀၀ နီးပါး ရောက်ရှိလာတယ်။ သူတို့ကို ထိုင်းစစ် တပ်က လက်ခံထားတယ်” ဟု မြန်မာ – ထိုင်းနယ်စပ်ရှိ ကရင်တိုင်းရင်းသား တစ်ဦးက ပြောသည်။

ယခင်ကလည်း မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ ထောင်ချီပြီး ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။