Connect with us

Hi, what are you looking for?

News

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးရှိ၊ စစ်ကောင်စီစခန်းမှလက်နက်ခဲယမ်းအများအပြားရဟု KNU တပ်မှူးပြော

မြ၀တီမြို့နယ် သေ့ဘောဘိုး ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားရရှိကြောင်း စစ်မြေပြင်မှ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မှူးတစ်ဦးက ပြောကြားသည်။

​သေ့​ဘောဘိုး စခန်းကို Google Map မှ​တွေ့ရစဥ်

●တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀ ခန့်ထိုင်းဘက်တိမ်းရှောင်

အဆိုပါ စစ်ကောင်စီတပ်စခန်းကို မေလ ၁၇ရက်ညပိုင်းက KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ယနေ့ မေလ ၁၈ရက် နံနက် ၁၁နာရီကျော်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါစခန်းသည် စစ်​ကောင်စီတပ်၏ အဓိက စခန်းကြီးတစ်ခုဖြစ်သည်။

“ကရင်တပ်မှူးတစ်ဦးက အတည်ပြုပြောဆိုတယ်။ ဒီမနက် ၁၁နာရီ ကျော်မှာ သေ့ဘောဘိုးစခန်းကို သူတို့ သိမ်းပိုက်ရရှိခဲ့တယ်။ နောက် ဒီစခန်းမှာလည်း လက်နက်ခဲယမ်းအမြောက်အများတွေကိုလည်း သိမ်းပိုက်ရရှိတယ်ဆိုပြီး အတည်ပြုပြောတယ်” ဟု ကရင်တိုင်းရင်းသား သတင်းရင်းမြစ်က KNU တပ်မှူး၏ ပြောကြားချက်ကို ဘာသာပြန်ရှင်းပြပေးသည်။

သေ့​ဘောဘိုးစခန်းသိမ်းပြီး​နောက် KNU အလံလွှင့်ထူစဥ်

တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပြီး အ​ရေအတွက်ကိုစိစစ်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“နှစ်ဖက်ထိခိုက်ကျဆုံးမှုကရှိတယ်တဲ့။ လောလောဆယ်တော့ သူတို့လည်း စာရင်းဇယားတွေ လုပ်လို့မပြီးသေးတော့ သတင်းမထုတ်ပြန်နိုင်သေးဘူးလေ။ ကျွန်တော်သိသလောက်ဆိုရင် ကရင်ဘက်မှာ ၁ယောက်ကျတယ် ၃၊ ၄ယောက်လောက် ဒဏ်ရာရတယ်။ စစ်တပ်ဘက်ကလည်း ကျတာတွေရှိတယ်လို့ပြောတယ်” ဟု နယ်စပ်ရှိ ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

စစ်​ဘေးဒုက္ခသည်များကို ထိုင်းနိုင်ငံဘက်ခြမ်းမှ လက်ခံကူညီ​ပေး​​နေသည်။ ။ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ

သေ့ဘောဘိုးတိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ယနေ့ နေ့လည်ပိုင်းက ပြောကြားထားသည်။

တိုက်ပွဲ၏ ဂယက်ကြောင့် မြန်မာဘက်မှ စစ်ရှောင် ၃၀၀ ခန့် ထိုင်းနိုင်ငံ မဲဆောက်နှင့် ဆက်စပ် နေသည့် ဖို့ဖိတ်မြို့နယ် ၌ တိမ်းရှောင်ခဲ့ကြရသည်ဟုဆိုသည်။

“ထိုင်းဘက်ခြမ်းကို မြန်မာစစ်ဘေးရှောင် ၃၀၀ နီးပါး ရောက်ရှိလာတယ်။ သူတို့ကို ထိုင်းစစ် တပ်က လက်ခံထားတယ်” ဟု မြန်မာ – ထိုင်းနယ်စပ်ရှိ ကရင်တိုင်းရင်းသား တစ်ဦးက ပြောသည်။

ယခင်ကလည်း မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ ထောင်ချီပြီး ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။