Connect with us

Hi, what are you looking for?

News

လေးကေကော်မှာ ဒီမနက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ KNLA ပူးပေါင်းအဖွဲ့က တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိ

လေးကေကော်ကို ဒီမနက် ၂ နာရီ ၂ မိနစ်အချိန်က စစ်ကောင်စီလေယာဉ်နှစ်စီးက အချိန်မတော်လာရောက်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်သုံးဦး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း ရေးသားဖော်ပြထားပါတယ်။

လေးကေကော်ဒေသထဲကို ဒီကနေ့မနက်အစောပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့က တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မေ ၁၉ ရက် မနက် ၂ နာရီဝန်းကျင်အချိန်က ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်ဒေသထဲကို စစ်ကောင်စီရဲ့ လေယာဉ်နှစ်စီးက နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့က တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိမှုအနည်းငယ်ရှိခဲ့တာပါ။

“ညက နှစ်ချက်တီးမှာတော့ ကျနော်တို့လေးကေကော်ဒေသမှာ နှစ်ကြိမ်တိတိတော့ ဗုံးကြဲသွားတယ်။ အနည်းငယ်ထိခိုက်မှုတွေတော့ရှိတယ်။ ဒါပေမဲ့ကျနော်တို့ဘက်က အကျအဆုံးတို့ ထိခိုက်ဒဏ်ရာကြီးကြီးမားမားတွေက မရှိပါဘူး” လို့ KNLA ပူးပေါင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

လေးကေကော်ကို ဒီမနက် ၂ နာရီ ၂ မိနစ်အချိန်က စစ်ကောင်စီလေယာဉ်နှစ်စီးက အချိန်မတော်လာရောက်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်သုံးဦး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း ရေးသားဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ မေ ၁၈ ရက်နေ့က လေးကေကော်ဒေသအနီးက သေဘောဘိုးမှာ စစ်ကောင်စီရဲ့တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိသွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၂၀) ခန့်ပြုလုပ်သွားခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

“ကျနော်တို့သိရသလောက် စုစုပေါင်း အကြိမ် ၂၀ ဝန်းကျင်တိုက်ခိုက်သွားတယ်။ လေယာဉ်တစ်စီးလာတယ် တစ်ခါဝဲတယ် ပစ်တယ်။ ပြန်ပြီးတော့ဝဲတယ် ပစ်တယ်ဆို လေယာဉ်တစ်စီးကို လေးငါးကြိမ်လောက်ကို သူတို့ပစ်သွားတာတွေရှိတာပေါ့” လို့ ပူးပေါင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မနေ့က သေဘောဘိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဘောဘိုးနဲ့အနီးအနားကျေးရွာတွေက ဒေသခံရွာသား ၃၀၀ ဝန်းကျင်ဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်းကိ တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါသေးတယ်။

လတ်တလောမှာ တပ်မဟာ ၆ နယ်မြေ လေးကေကော် သေဘောဘိုးဒေသထဲကို စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့တာတွေ လုပ်ဆောင်လာနေတဲ့အတွက် ထိတွေ့တိုက်ပွဲတွေဟာ ဆက်ပြီးဖြစ်နေဦးမှာလို့ KNLA ပူးပေါင်းအဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု