Connect with us

Hi, what are you looking for?

News

ကြားကာလ အခြေခံပညာ ပညာရေးဆန်းစစ် ချက်များမှာ နောင်လာမည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နှင့် ချိတ်ဆက်နိုင်မည်

ကြားကာလ အခြေခံပညာရေးညီလာခံကို မေ လ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ လေးရက်ကျင်း ပခဲ့ပြီး ထိုညီလာခံသို့ NUG ပညာရေးဝန်ကြီး ဌာန၊ CRPH ၊ ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသားမိဘကိုယ်စားလှယ်၊ ဆရာ/ဆရာမများကိုယ်စားလှယ်အပါအဝင် သက် ဆိုင်ရာကဏ္ဍအသီးသီးမှ တက်ရောက်ခဲ့ကြသည်။

(​မြောင်မြို့နယ်တွင် ကြားကာလအ​ခြေခံပညာသင်ကြား​ရေးအစီအစဥ်ကို အ​ကောင်အထည်​ဖော်​နေစဥ်။ ဓါတ်ပုံ- MEN)

တော်လှန်ရေးကာလ သင်ကြားပေးနေသော ကြားကာလအခြေခံပညာ ပညာရေးစစ်ဆေးဆန်းစစ်မှုရလဒ်များမှာ နောင်လာမည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နှင့်ပါ ချိတ် ဆက်နိုင်မည်ဖြစ်ကြောင်း အခြေခံပညာရေးညီလာခံကျင်းပရေးကော်မတီက ပြောသည်။

ထိုသို့ ချိတ်ဆက်သွားနိုင်ရန် လိုအပ်သည့် မူဝါဒနှင့် လမ်းညွှန်ဂိုက်လိုင်းများမူကြမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာရေးညီလာခံသို့ ပေးပို့တင်သွင်းခဲ့ပြီး ယင်းမူကြမ်းအား ညီလာခံက လက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

(​မြောင်မြို့နယ်တွင် ကြားကာလအ​ခြေခံပညာသင်ကြား​ရေးအစီအစဥ်ကို အ​ကောင်အထည်​ဖော်​နေစဥ်။ ဓါတ်ပုံ- MEN)

“လက်ရှိမှာတော့ assessment သည် NUG/MOE ကနေပြီး အကြမ်းကိုပဲ ညီလာခံကိုတင်သွင်းတာဖြစ်ပြီးတော့ ညီလာခံမှာတက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေကနေပြီးတော့ ဘယ်ဟာတွေပါသင့်တယ် နယ်မြေအလိုက်ပေါ့နော် ဒေသအလိုက်လိုအပ်တာတွေ၊ အကြံပြုခဲ့တာတွေ ရှိပါတယ်”ဟု ညီလာခံကျင်းပရေးကော် မတီကိုယ်စား CDM ကျောင်းဆရာ ကိုနောင်ချိုက ပြောသည်။

အခြေခံပညာကဏ္ဍ စစ်ဆေးဆန်းစစ်ချက်မူကြမ်းအား ညီလာခံကိုယ်စားလှယ်များ၏ အကြံပြုချက်များဖြည့်စွက်၍ လက်တွေ့အကောင်အထည်ဖော်ရန် သက်ဆိုင်ရာအစုအဖွဲ့နှင့် အဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

(​မြောင်မြို့နယ်တွင် ကြားကာလအ​ခြေခံပညာသင်ကြား​ရေးအစီအစဥ်ကို အ​ကောင်အထည်​ဖော်​နေစဥ်။ ဓါတ်ပုံ- MEN)

ကြားကာလ အခြေခံပညာရေးညီလာခံကို မေ လ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ လေးရက်ကျင်း ပခဲ့ပြီး ထိုညီလာခံသို့ NUG ပညာရေးဝန်ကြီး ဌာန၊ CRPH ၊ ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသားမိဘကိုယ်စားလှယ်၊ ဆရာ/ဆရာမများကိုယ်စားလှယ်အပါအဝင် သက် ဆိုင်ရာကဏ္ဍအသီးသီးမှ တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ဦးဆောင်လမ်းညွှန်မှုဖြင့် ကြားကာလအခြေခံပညာသင်ကြားရေးအား အကောင် အ ထည်ဖော်လျက်ရှိရာ စိုးမိုးနယ်မြေများ၌ ကျောင်းများဖွင့်လှစ်သင်ကြားခြင်း၊ အွန်လိုင်းအခြေပြု Home Education အစီအစဥ်တို့ကို အကောင်အထည်ဖော်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ