Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက စစ်ကိုင်းတိုင်းကို ယ​နေ့နံနက်မှစ၍ ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်​တောက်ထား

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း ယနေ့ မနက် ၈ နာရီ မိနစ် ၂၀မှစတင်ပြီး MPT, အော်ရီဒူးဖုန်းလိုင်းများ စတင်နှေးကွေးလာပြီး ဖုန်းခေါ်ဆိုမှုများ အဆင်မပြေဖြစ်လာသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းတွင် အဓိကမြို့ကြီးများအပါအဝင်တစ်တိုင်းလုံးနီးပါး ယ​နေ့(မေ ၂၄ ရက်)မနက်ပိုင်းကစတင်ပြီး အင်တာနက်နှင့်ဖုန်းလိုင်းများပြတ်တောက်နေသည်။

စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာမြို့ကို ယနေ့ မနက်ပိုင်းတွင် အင်တာနက်လိုင်းစတင်ဖြတ်တောက်ထားပြီးတချို့ နေရာများတွင်ဖုန်းလိုင်းပါပြတ်တောက်သွားပြီဖြစ်ကြောင်း မုံရွာမြို့ခံတစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်က မုံရွာ ၊​ရွှေဘို ၊ စစ်ကိုင်း၊က​လေးမြို့ မှအပ စစ်ကိုင်းတိုင်းရှိ ကျန်​ဒေသများအားလုံးကို၂၀၂၂ မတ်လ ၄ ရက်မှ စ၍ အင်တာနက်ဖြတ်​တောက်ခံထားရပြီး ယ​နေ့
နံနက်တွင် မူ မုံရွာမြို့ တွင်ပါ အင်တာနက်​ရော ၊​နေရာအချို့တွင်ဖုန်းလိုင်းများပါ ပြတ်​တောက်​နေခြင်းဖြစ်သည်။

“ခု​လေးပဲဖုန်းဆက်​နေရင်း ၇ နာရီအတိမှာဖုန်းပြတ်သွားတယ်” ဟု ကနီ PDF (၂) မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်ကစစ်ကိုင်းတိုင်းတွင်​မေ ၂၄ ရက်တွင်ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်​တောက်မည်ဟုယမန်​နေ့ညကသတင်းထွက်​ပေါ်ခဲ့ပြီး ​ဒေသခံပြည်သူများအ​ပေါ် အကြမ်းဖက်စစ်တပ်က ဆိုးရွားစွာအကြမ်းဖက်မည်ကို ပြည်သူများစိုးရိမ်ပူပန်​နေကြသည်။

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း ယနေ့ မနက် ၈ နာရီ မိနစ် ၂၀မှစတင်ပြီး MPT, အော်ရီဒူးဖုန်းလိုင်းများ စတင်နှေးကွေးလာပြီး ဖုန်းခေါ်ဆိုမှုများ အဆင်မပြေဖြစ်လာသည်ဟု ထုတ်ပြန်ထားသည်။

မုံရွာ၊ကနီ အပြင် ကန့်ဘလူ၊ခင်ဦး၊ ကျွန်းလှ၊ ပုလဲ၊ ပလက်ဝ၊ ရေဦး၊ ယင်းမာပင် မြို့နှင့်မြို့နယ်တို့တွင်လည်း အင်တာနက်လိုင်းမျာအပြင် ဖုန်းလိုင်းများပါ မေ ၂၄ ရက်( ယနေ့) မနက်ပိုင်းက စတင်ပြတ်တောက်နေ​ကြောင်း​ဒေသခံများက​ပြောသည်။ အဆိုပါ မြို့နယ်များသို့ People’s Spring ကဖုန်း​ခေါ်ဆိုဆက်သွယ်​သော်လည်းဆက်သွယ်မရ​ပေ။

“စစ်ကိုင်းကို ပစ်မထားပါနဲ့။ပြည်သူတွေ အနေနဲ့ ရော နိုင်ငံတကာ အနေနဲ့ပါပိုပြီး အာရုံစိုက်ပေးဖို့ တောင်းဆိုပါတယ်။လူမျိုးတုံသတ်ဖြတ်မှုတွေပိုပြီးဖြစ်လာဖို့ အကြမ်းဖက်စစ်တပ် အနေနဲ့ စီစဥ်နေပြီလို့ ပြောချင်တယ်”ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၉ နာရီခန့်က စ၍ စစ် ကိုင်းတိုင်းရှိ သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဖုန်းသို့ လူထုနွေဦးမှချိတ်ဆက်ရာတွင်လည်း အများစုမှ ဖုန်းခေါ်ဆို၍ မရရှိတော့ပေ။

အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း နေအိမ်များမီးရှို့ခြင်းနှင့် ဒေသခံပြည်သူများကို အစုလိုက်ဖမ်းဆီးပစ်သတ်မှုများကို မေလတွင်ပိုမိုကျူးလွန်​နေသည်။

စစ်​ကောင်စီတပ်က ယခုနှစ်မတ်လ ၄ရက်မှစ၍ စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးမြို့နယ်(စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ကလေး)မှလွဲ၍ ကျန်မြို့နယ်အားလုံး၌ MPT၊ အော်ရီဒူး နှင့် တယ်လီနော စသည့် ဆက်သွယ်ရေးမိုဘိုင်း အင်တာနက်လိုင်းများကို ရက်အကန့်အသတ်မရှိ ထိန်းချုပ်ဖြတ်တောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook