Connect with us

Hi, what are you looking for?

News

တနိုင်းတွင် KIA မိုင်းဖြင့်တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအပါအဝင် ​လေးဦးသေ

KIAနှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းမြောက် ကွတ်ခိုင်နှင့် မုံးကိုးဒေသများ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးခဲ့သည်ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

မေလ ၂၂ရက်က တနိုင်းမြို့နယ် တဝမ်ချောင်းတံတား အနီး ၌ KIAတပ်ရင်း(၄၅) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တနိုင်းမှာ ဖြစ်တာဟုတ်တယ်။ ဖြစ်တာက တနိုင်းတပ်ရင်းက။ ဟိုတစ်လောက တရုန်မှာ ဖြစ်တဲ့အဖွဲ့တွေပေါ့။ အဲဒီမှာ တနိုင်း တဝမ် ချောင်းတံတား ထိပ်နားမှာ KIA ရင်း ၄၅က မိုင်းခွဲတိုက်ခိုက်လိုက်တာပေါ့။ အဲဒီမှာ ၄ယောက်သေတယ် ၇ယောက်ဒဏ်ရာရတယ်။ အဲဒီမှာ စစ်ကြောင်းမှူးပါသွားတယ်တဲ့။ စစ်ကြောင်းမှူး သေသွားတယ်။ စစ်ကြောင်းမှူးဆိုတော့ ဗိုလ်မှူးအဆင့်တော့ ရှိမှာပေါ့”ဟု ကချင်ဒေသခံက ပြောသည်။

Public Service Announcement

ယခုဖြစ်စဉ်မတိုင်မီ ရက်ပိုင်းအတွင်းကလည်း ရှင်ဗွေယန်နှင့် တနိုင်းကြား၌ စစ်ကောင်စီတပ် စစ်ကြောင်းကို KIAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ဖားကန့်နှင့် ပူတာအိုမြို့နယ်များအတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကချင်ဒေသအခြေစိုက် သတင်းဌာနအချို့က ဖော်ပြထားသည်။ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းမြောက် ကွတ်ခိုင်နှင့် မုံးကိုးဒေသများ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။