Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် စက်သုံးဆီ မှောင်ခိုဈေးကွက် ပြန်လည်ပေါ်ပေါက်လာ

စစ်ကောင်စီထိန်းချုပ်ထားသည့် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက မေလ ၂၁ ရက်မှ စတင်ပြီး စက်သုံးဆီဆိုင် ၃၂၄ ဆိုင်ကို ဆီခွဲတမ်းဖြင့်ထုတ်ပေးမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကြောင့် ဈေးကွက်အတွင်း စက်သုံးဆီအရောင်းဆိုင်ငယ်များ အရောင်းရပ်ဆိုင်းသွားခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် စက်သုံးဆီ မှောင်ခိုဈေးကွက် ပြန်လည်ပေါ်ပေါက်လာ

ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရန် ခက်ခဲလာခြင်းကြောင့် မှောင်ခိုဈေးကွက်ပြန်လည်ပေါ်ပေါက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စစ်ဗိုလ်ချုပ်များမှ အသွင်ပြောင်းခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်မှ စတင်ပြီးဈေးကွက်အတွင်းပျောက်ကွယ်သွားသည့် မှောင်ခိုစက်သုံးဆီဈေးကွက်တွင် စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ယာဉ်မောင်းများကပြောသည်။

“ဆီဆိုင်တွေမှာ ဆီဝယ်ဖို့ခက်တော့ တချို့နေရာတွေမှာ ဈေးပိုပေးရပေမယ့် ဆီမှောင်ခိုဈေးကွက်ပြန်ပေါ်လာပြီ”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

မှောင်ခိုဆီဆိုင်များကို လုံခြုံရေးအရ ထုတ်ပြောရန် မဖြစ်နိုင်သော်လည်း ရန်ကုန်မြို့တွင် မှောင်ခိုဈေးကွက်တွင် ကားသမားများ အလွယ်တကူဝယ်ယူနိုင်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ နှင့်အောက်တိန်း ၉၅ ဝယ်ယူရန် အလွန်ခက်ခဲလာပြီး ဆိုင်အများစုမှာလည်း ဆီပြတ်တောက်မှုများရှိနေသည်ဟု ယာဉ်မောင်းများက ပြောသည်။

“Denkoတို့ လိုဆီဆိုင်အကြီးတွေမှာပဲ ဆီက ဝယ်ရတော့တယ်။ အခြားဆီဆိုင်သေးသေးတွေဆို ဆိုင်တောင်ပိတ်ကုန်ပြီ”ဟု ယနေ့ စက်သုံးဆီဝယ်ခဲ့သူတစ်ဦးက ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက မေလ ၂၁ ရက်မှ စတင်ပြီး စက်သုံးဆီဆိုင် ၃၂၄ ဆိုင်ကို ဆီခွဲတမ်းဖြင့်ထုတ်ပေးမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကြောင့် ဈေးကွက်အတွင်း စက်သုံးဆီအရောင်းဆိုင်ငယ်များ အရောင်းရပ်ဆိုင်းသွားခြင်းဖြစ်သည်။

ယနေ့ စက်သုံးဆီဆိုင်များတွင် အောက်တိန်း ၉၂ တစ်လီတာကို ၂၂၂၀ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာကို ၂၃၀၀ အထက်ဈေးဖွင့်ထားသော်လည်း ရောင်းချရန် ဆီပြတ်လပ်နေသည်ဟု ဆိုင်ဝန်ထမ်းများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။