Connect with us

Hi, what are you looking for?

သတင်း

ဘားလမ်းကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှု ​တော်လှန်​ရေးကိုပုံဖျက်လိုသူ အကြမ်းဖက်စစ်တပ်၏ အကွက်ဆင်မှုဗျူဟာဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ပြော

အနော်ရထာလမ်းမပေါ်ရှိ ဘားလမ်းမှတ်တိုင်တွင် ယ​နေ့(မေ ၃၁ ရက်) ည​နေ ၃နာရီခွဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး ကားစောင့်နေသည့် ခရီးသည်ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦး​သေဆုံးကြောင်း စစ်​ကောင်စီနှင့်နီးစပ်​သောသတင်းရင်းမြစ်များက​ပြောသည်။

ဘားလမ်းကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှု
ဘားလမ်းကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှု

ပြည်သူကို ဓါးစာခံလုပ်ကာ ပြည်သူ့​တော်လှန်​ရေးရဲ​ဘော်များနှင့် ပြည်သူကြား ​သွေးကွဲအထင်လွဲ​စေရန်လုပ်​ဆောင်ခြင်းဟု အသိပေး

ရန်ကုန်မြို့ရှိ ၃၅ လမ်း(ဘားလမ်း) ကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှုသည် ​တော်လှန်​ရေးကို ပုံဖျက်လိုသူ အကြမ်းဖက်စစ်တပ်၏ အကွက်ဆင်မှုဗျူဟာဖြစ်ပြီး ပြည်သူကို ဓါးစာခံလုပ်ကာ ပြည်သူ့​တော်လှန်​ရေးရဲ​ဘော်များနှင့်ပြည်သူကြား ​သွေးကွဲအထင်လွဲ​စေရန်လုပ်​ဆောင်ခြင်းဖြစ်ကြောင်း

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထိုသို့လုပ်ရပ်အပေါ် ရန်ကုန်တိုင်းစစ်​ဒေသခွဲကွပ်ကဲ​ရေးအဖွဲ့မှ ပြင်းထန်စွာ ရှုတ်ချပြီးသေဆုံးသွား​သော မိသားစုများနှင့်လည်း ထပ်တူ ဝမ်းနည်း​ကြောင်း အ​သိ​ပေးသည်။

Public Service Announcement

Public Service Announcement

ဘားလမ်းကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှု
ဘားလမ်းကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှု

“ကျွန်ုပ်တို့​​ပြည်သူ့​တော်လှန်​ရေးအင်အားစုများသည် ပြည်သူကို ဘယ်​သောအခါမျှ ထိခိုက်နစ်နာ​အောင် မလုပ်​ကြောင်းနဲ့ အပြစ်မဲ့ပြည်သူကို ​ခေါင်း​တည့်တည့်ချိန်ပစ်တာမည်သူ​တွေဖြစ်​ကြောင်း၊ အပြစ်မဲ့ရွာသူရွာသားများကို ဖမ်းဆီးနှိပ်စက်ပြီး ရွာလုံးကျွတ်မီးရှို့တာမည်သူ​တွေဖြစ်​ကြောင်း ပြည်သူက သိရှိပြီးဖြစ်၍ ယခု ဘတ်စ်ကားမှတ်တိုင်​ပေါက်ကွဲမှုအား အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ လက်ကိုင်တုတ်အဖွဲ့များကသာ ပြုလုပ်ခြင်းဖြစ်​ကြောင်း ရှင်းလင်းစွာသိ​စေအပ်ပါသည်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

အနော်ရထာလမ်းမပေါ်ရှိ ဘားလမ်းမှတ်တိုင်တွင် ယ​နေ့(မေ ၃၁ ရက်) ည​နေ ၃နာရီခွဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး ကားစောင့်နေသည့် ခရီးသည်ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦး​သေဆုံးကြောင်း စစ်​ကောင်စီနှင့်နီးစပ်​သောသတင်းရင်းမြစ်များက​ပြောသည်။

ပေါက်ကွဲမှုဖြစ်စဥ်တွင် ဒဏ်ရာရရှိခဲ့သူများ အနက် နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦး သေဆုံးသွားခြင်းဖြစ်​ကြောင်းသိ့ရသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သတ်၍လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)က လုပ်ဆောင်ခြင်းမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီဘက်ကလုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ပြည်သူများက မှတ်ချက်ပြုသည်။

ဘားလမ်းကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှု
ဘားလမ်းကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှု

“ကားမှတ်တိုင်မှာဗုံးပေါက်တယ်ဆိုတေ့ာပြည်သူကိုဒုက္ခပေးသတ်နေတဲ့ ပျူ ၊ကြံ့ ၊စစ်ခွေးတွေရဲ့လုပ်ရပ်ပဲ၊PDF တွေလုပ်တယ်ဆိုပီးပုံမှားရိုက်အပြစ်ဖို့တဲ့လုပ်ရပ်တွေ၊ပြည်သူတွေကို ဂျင်းထည့်ဖို့မစဥ်းစားနဲ့ခွေးတွေရေ”ဟု ရန်ကုန်မြို့နေ သူတစ်ဦးက ပြောသည်။

ပြည်သူတစ်ဦးကလည်း “ပျူတွေလက် ချက်လေ။မြို့တော်ခန်းမရှေ့ညနေ ၄ နာရီဆို Non​တွေ (CDM မလုပ်ဘဲ စစ်​ကောင်စီလက်​အောက်တွင်တာဝန်ထမ်း​ဆောင်​နေ​သောဝန်ထမ်းများ) တန်းစီပြီး ဖယ်ရီစောင့်နေကြတာ။အဲ့မှာဗုံးမခွဲပဲကားဂိတ်မှာလာခွဲတယ်ဆိုတော့ပျူမှမဟုတ်ရင်ဘယ်သူရှိအုံးမလဲ။PDFတွေကပြည်သူထိအောင်တော့ဘယ်တော့မှမလုပ်ဘူး” ဟု ၎င်း၏အမြင်ကိုပြောသည်။

“ကျွန်တော်တို့က ဘယ်တော့မှပြည်သူထိအောင်မလုပ်ဘူးဗျ။ စကစရဲ့လုပ်ရပ်လို့ပဲယူဆပါတယ် ” ဟု ဘားလမ်းပေါက်ကွဲမှုအပေါ် ရန်ကုန်မြို့၌ စစ်ဆင်ရေးများဆောင်ရွက်နေသည့် Yangon Urban Guerrillas-YUG အဖွဲ့က ပြောသည်။

အဆိုပါပေါက်ကွဲမှုဖြစ်သည့်နေရာသည် လူစည်ကားသည့် နေရာဖြစ်သောကြောင့် UG များအနေဖြင့် လုံးဝလုပ်မည်မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီက ပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန် သွေးခွဲသည့်သဘောဖြင့် လုပ်ဆောင်သည်ဟု မြင်ကြောင်း Special Task Agency of Burma မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကားမှတ်တိုင်မှာ ဒလန်ရှိမယ်၊ပျူစောထီးရှိမယ်။ စစ်ကောင်စီရှိမယ်ဆိုရင်တောင် ပြည်သူတွေအများကြီးရှိတဲ့နေရာမှာ လုံးဝမကစားဘူး။ ဘာကြောင့်လဲဆိုရင် Mission တွေလုပ်တိုင်းပြည်သူတွေကို ထည့်တွက်တယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပေါက်ကွဲမှုဖြစ်သည့်နေရာသည် အစ္စလာမ် ဘာသာဝင်အများစုနေထိုင်သည့်နေရာဖြစ်သောကြောင့် ဘာသာရေးနှင့်မှိုင်းတိုက်ခြင်းလည်းဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် PDF ၊UG စသည့်အဖွဲ့များအပေါ် ပြည်သူများအထင်မှားစေရန် အဆိုပါဖြစ်ရပ်မျိုးများ ဆက်လက်ပြုလုပ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

“နောက်ဆိုရင် ဒီထက်ပိုဆိုးမလားထင်မိတယ်။ ဘာကြောင့်လဲဆိုရင် ကျောင်းတွေတတ်လာပြီ။ ကျောင်းတွေမှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်ပြီး ကျောင်းကားတွေ ကျောင်းသွားတဲ့လမ်းတွေမှာ ဒီကောင်တွေလုပ်ကိုလုပ်ဦးမှာ ။ရန်ကုန်နဲ့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ UG တွေနဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်မှာ” ဟု ၎င်းက ပြောသည်။

စစ်​ကောင်စီကို တိုက်ခိုက်ဖြုတ်ချရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်ပညာသင်ယူ၍ စစ်​ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်​နေ​သော PDF နှင့် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များသည် စစ်​ကောင်စီ နှင့် ၎င်း၏ထောက်တိုင်များကိုသာ ပစ်မှတ်ထားတိုက်ခိုက်​လျှက်ရှိသည်။ စစ်ဆင်​ရေးပြုလုပ်ရန် ပြင်ဆင်ထားချိန်တွင်ပင်ပြည်သူများထိ့ခိုက်နိုင်​သော အ​ခြေအ​နေ ရှိပါက စစ်ဆင်​ရေးကို ​ရပ်ဆိုင်းပစ်​လေ့ရှိ​ကြောင်း မြို့ပြ​​​ပြောက်ကျားအဖွဲ့များက ထုတ်ပြန်​လေ့ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။