Connect with us

Hi, what are you looking for?

သတင်း

နယ်မြေအတွင်း ဝင်ရောက်စွက်ဖက်နှောက်ယှက်တာတွေရပ်တန့်ဖို့ စစ်ကောင်စီတပ်ကို KNU သတိပေး

တပ်မဟာ ၂ ထုတ်ပြန်ချက်ထဲမှာ အထူးသဖြင့် စစ်ကောင်စီရဲ့ စကခ(၂၀) ဗိုလ်မှူးချုပ်ကိုကိုလွင်ဟာ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ အထူးသတိပေးပြီး စစ်ကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်မျိုးဆက်လက်လုပ်ဆောင်ပါက နောင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို တာဝန်ယူသွားမှာမဟုတ်ဘူးလို့ ပါရှိပါတယ်။

People's Spring
People's Spring

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောအူး(တောင်ငူ)ခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာ ဒေသခံပြည်သူလူထုနဲ့ ကေအဲန်ယူအုပ်ချုပ်ရေးအပေါ် နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေတဲ့ စစ်ကောင်စီတပ်အပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၂ က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်ထဲမှာ စစ်ကောင်စီတပ်ဟာ သွားလာနေတဲ့ပြည်သူလူထုအပေါ် နှောင့်ယှက်ဟန့်တားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတာကြောင့် ဒီလုပ်ဆောင်မှုအပေါ် ရပ်တန့်ဖို့၊ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေကို စစ်ကောင်စီက ဝင်ရောက်စွက်ဖက်နှောင့်ယှက်တာတွေ မလုပ်ဖို့ KNLA တပ်မဟာ ၂ က အသိပေးထုတ်ပြန်ထားတာပါ။

“ဒေသခံပြည်သူလူထုရဲ့ကားကို​ချောဆွဲတယ် ခိုင်းစားတယ်။ ကေအဲန်ယူအမြဲလုပ်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းမှန်သမျှကို အဟန့်အတား နည်းမျိုးစုံနဲ့လုပ်လာခဲ့တယ်။ ပြီးတော့လည်း ပြည်သူလူထုရဲ့ စားဝတ်နေရေး အသွားအလာအပေါ်မှာလည်း မှတ်ပုံတင်စစ်တယ်”လို့ KNLA တပ်မဟာ ၂ တပ်မဟာမှူးဖြစ်သူက ပြောပါတယ်။

တပ်မဟာ ၂ ထုတ်ပြန်ချက်ထဲမှာ အထူးသဖြင့် စစ်ကောင်စီရဲ့ စကခ(၂၀) ဗိုလ်မှူးချုပ်ကိုကိုလွင်ဟာ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ အထူးသတိပေးပြီး စစ်ကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်မျိုးဆက်လက်လုပ်ဆောင်ပါက နောင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို တာဝန်ယူသွားမှာမဟုတ်ဘူးလို့ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ရေးကတော့ သူတို့အပေါ်မှာပဲမူတည်တယ်။ သူတို့ထဲမှာ တာဝန်အများကြီးရှိတယ်။ တကယ်ကျနော်တို့တောင်းဆိုတဲ့အပေါ်မှာလည်း အမှန်တရားပဲတောင်းဆိုတာ” လို့ KNLA တပ်မဟာ ၂ တပ်မဟာမှူးက ဆိုပါတယ်။

လတ်တလော ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေမှာ လုံလောက်မှုမရှိလို့ အခက်အခဲတွေကြုံဆုံနေရတယ်လို့ တပ်မဟာမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို