Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတစ်ချို့ ထွက်ပြေးနေရတယ်လို့ KNU ပြော

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန် မနက် ၈ နာရီအချိန်မှာတော့ မုပ္ပလင်လမ်းဆုံကနေ လက်နက်ကြီး (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ကေအဲန်-ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲထံကနေ သိရပါတယ်။

ကျိုက်ထို
ကျိုက်ထို

ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတက်လာပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက်က အင်အား(၂၀၀)ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် တပ်မဟာ၁ ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးနယ် ဧက ၁၀၀ ကျောက်မိုင်းဘက်ကို နယ်မြေကျော်ရောက်ရှိလာခဲ့တာပါ။

Public Service Announcement

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန် မနက် ၈ နာရီအချိန်မှာတော့ မုပ္ပလင်လမ်းဆုံကနေ လက်နက်ကြီး (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ကေအဲန်-ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲထံကနေ သိရပါတယ်။

ဒီလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အများကြီးထိခိုက်ပျက်စီးမှု မရှိပေမယ့် ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။