Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံတွင် စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ​​သေနတ်ဖြင့်အပစ်ခံရ

ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တွင်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။

တောင်ဒဂုံ
တောင်ဒဂုံ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၆ ရပ်ကွက်ရှိစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးယနေ့(ဇွန်၉)နံနက်ပိုင်းက​သေနတ်ဖြင့် အပစ်ခံရကြောင်း ဒေသခံပြည်သူများကပြောသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က ဒဂုံတောင်ပိုင်း ၁၀၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင်စစ်​ကောင်စီသတင်း​ပေးဟုနာမည်ထွက်နေသော ရုံးစာရေးဆိုသူ ဦးမောင်မောင်အား အမည်မသိလက်နက်ကိုင်အချို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒလန်နာမည်က မောင်မောင်လို့သိရပါတယ်ဗျ။မနက်၇ နာရီခွဲလောက်မှာဖြစ်တာ။ သေဆုံးနိုင်ခြေများတယ်”ဟု ဒေသတွင်းသတင်းရင်းမြစ် SDG က ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်သည် ယနေ့နံနက်ပိုင်းက ၁၀၆ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးသို့ လူကြီးလာမည်ဟူသော ကိစ္စဖြင့် ရုံး၌ လိုအပ်သည်များပြင်ဆင်ပြီးနောက် ရုံးဘေးလက်ဘက်ရည်ဆိုင်တွင်ထိုင်နေစဥ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တွင်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် အခင်းဖြစ်နေရာသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီး ​ပြည်သူနှစ်ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook