Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့ကို အနောက်နိုင်ငံတွေ မှီခိုနေရဦးမယ်လို့ ပူတင်ပြော

အခုဆိုရင် ကမ္ဘာ့စျေးကွက်မှာ ရေနံသိုလှောင်မှုက လျော့ကျလာပြီး စျေးတွေ တက်လာတဲ့အတွက် ရုရှား ကုမ္ပဏီတွေက အမြတ်ပိုရနေတယ်လို့ လူငယ် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် တချို့နဲ့ တွေ့ဆုံချိန်မှာ ပူတင်က ပြောဆိုသွားပါတယ်။

ပူတင်
ပူတင်

အနောက်နိုင်ငံတွေဟာ ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့တွေကို နောက်ထပ် နှစ်အတော်ကြာအောင် မှီခို ဝယ်ယူနေရလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းအပေါ် ကျူးကျော် စစ်ပြုခဲ့တဲ့ လုပ်ရပ်အပေါ် အမေရိကန်နဲ့ အနောက် ဥရောပ နိုင်ငံတွေက တင်းတင်းမာမာ တုံ့ပြန်ပြီး ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေ ရှိပေမယ့် ရုရှားဆီက လောင်စာရင်းမြစ်တွေကိုတော့ အကန့်အသတ်နဲ့ ဝယ်ယူနေရဆဲပါ။

စစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာ့ လောင်စာစျေးနှုန်းတွေပါ မြင့်တက်ကုန်တာကြောင့် စွမ်းအင် ကဏ္ဍနဲ့ ပတ်သက်လို့ ရုရှား ရနေတဲ့ အကျိုးအမြတ်ဟာ စစ်မဖြစ်ခင်ကထက်တောင် ကြီးထွားလာနေတယ်လို့ အမေရိကန် အစိုးရ အရာရှိ တချို့က ဝန်ခံထားပါတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း လက်ရှိ သုံးစွဲနေတဲ့ ဓာတ်ငွေ့ ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကို ရုရှားဆီက ဝယ်ယူနေရဆဲ ဖြစ်ပါတယ်။ ပူတင်က ဒီလို အနေအထားဟာ အနည်းဆုံး နောက်ထပ် နှစ်တော်တော် ကြာတဲ့ထိ ဆက်ရှိနေလိမ့်မယ်လို့ မှတ်ချက် ပြုခဲ့ပြီး အဲဒီနောက်ပိုင်း အခြေအနေတွေကိုတော့ ဘယ်သူမှ ကြိုမသိနိုင်ဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပ သမဂ္ဂက ၂၀၂၂ အကုန်မှာ ရုရှားဆီက လက်ရှိ ဝယ်ယူနေရတဲ့ ရေနံ ပမာဏ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ထိ လျှော့ချသွားဖို့ သံန္နိဋ္ဌာန် ချထားပေမယ့် ဓာတ်ငွေ့ ဝယ်ယူမှုနဲ့ ပတ်သက်လို့တော့ အဲဒီလောက် ပြတ်သားလို့ မရဘဲ ဖြစ်နေပါတယ်။

အမေရိကန် အစိုးရဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားရဲ့ စွမ်းအင် ထုတ်ကုန် အားလုံးကို အရေးယူ ပိတ်ဆို့မှုတွေ ကျင့်သုံးဖို့ ပြင်ဆင်နေပေမယ့် တစ်ကမ္ဘာလုံးမှာ ရေနံနဲ့ ဓာတ်ငွေ့စျေးတွေ မြင့်တက်နေတာကြောင့် ရုရှားက အကျိုးအမြတ် ပိုဖြစ်လာမယ့် အခြေအနေတွေ တွေ့နေရပါတယ်။

အခုဆိုရင် ကမ္ဘာ့စျေးကွက်မှာ ရေနံသိုလှောင်မှုက လျော့ကျလာပြီး စျေးတွေ တက်လာတဲ့အတွက် ရုရှား ကုမ္ပဏီတွေက အမြတ်ပိုရနေတယ်လို့ လူငယ် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် တချို့နဲ့ တွေ့ဆုံချိန်မှာ ပူတင်က ပြောဆိုသွားပါတယ်။

မကြာသေးခင်က အမေရိကန် အထက်လွှတ်တော်မှာ နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးဌာန ကိုယ်စားလှယ် အေမို့စ် ဟော့ချ်စတိန်းက အစီရင်ခံရာမှာ လွှတ်တော် အမတ်တွေက စစ်ပွဲနောက်ပိုင်း ရုရှား အနေနဲ့ ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှု ကဏ္ဍကနေ အမြတ်တွေ ပိုရနေသလားလို့ မေးခဲ့ပြီး ဟော့ချ်စတိန်းက သူ့အနေနဲ့ ဒီအချက်ကို မငြင်းပယ်နိုင်ဘူးလို့ ဝန်ခံသွားပါတယ်။

ပူတင်ဟာ မော်စကိုက ပြပွဲတစ်ခုကို တက်ရောက်ချိန်မှာ မိန့်ခွန်းပြောခဲ့ပြီး သူ့ကိုယ်သူ ၁၈ ရာစု ရုရှားဘုရင် ပီတာနဲ့ပါ ခိုင်းနှိုင်းသွားခဲ့ပါတယ်။ ဘုရင် ပီတာဟာ ဆွီဒင်နဲ့ ကာလရှည်ကြာ စစ်တိုက်ပြီး ရုရှားနယ်မြေတွေကို ပြန်လည် စုစည်းခဲ့သူပါ။ ယူကရိန်းကို ကျူးကျော်တဲ့ သူ့ရဲ့ လုပ်ရပ်ကိုလည်း ပီတာရဲ့ ခံယူချက်တွေနဲ့ တူညီတယ်ဆိုတဲ့ သဘောမျိုး ပူတင်က ညွှန်းဆိုသွားခဲ့ပါတယ်။

ပီတာဟာ ဘယ်အရာကိုမှ သိမ်းပိုက်ခဲ့တာ မဟုတ်ဘဲ ကိုယ်ပိုင်ဆိုင်ဖူးတဲ့ အရာတွေကိုပဲ အရပြန်ယူခဲ့တာ ဖြစ်ကြောင်း၊ ရုရှားက ပိုင်ဆိုင်ခဲ့တာတွေကို ပြန်ယူဆောင်ပြီး အင်အား တည်ဆောက်ဖို့ ဆိုတာဟာ အားလုံးရဲ့ တာဝန်ဖြစ်ကြောင်း ပူတင်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။