Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီများဆီပြတ်လျှင်အ​ရေးယူမည်ဟု စစ်​ကောင်စီ၏စက်သုံးဆီအသင်းကခြိမ်း​ခြောက်

ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာကို ၂၃၀၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၃၇၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၁၀ကျပ် နှင့် ပရီမီယံတစ်လီတာကို ၂၆၄၀ကျပ်ပေါက်ဈေးရှိသည်။

(စက်သုံးဆီ​ ကုန်သွား၍ ဝယ်မရ​သောဆီနှင့်အ​ရောင်းရပ်ထား​ကြောင်း ​ကြေညာထား​သောဆိုင်အချို့ ကို ဧပြီလကုန်နှင့်ဇွန်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-Online Viral)

စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်ပါက အရေးယူခံရမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ယနေ့(ဇွန် ၁၃ရက်)တွင်ထုတ်ပြန်ခြိမ်းခြောက်သည်။

တိုင်းနှင့်ပြည်နယ်များတွင် စက်သုံးဆီမပြတ်လပ်စေရန် ပြည်ပမှ ဆီတင်သွင်းသည့် ကုမ္ပဏီများ၊ ဆိပ်ကမ်းကုမ္ပဏီများ၊ ဆီဆိုင်များအနေဖြင့် ဆောင်ရွက်ထားရမည်ဟု MPTAက ဆိုသည်။

စက်သုံးဆီုတွင်ဆီပြတ်လပ်ပါက အချိန်နှင့်တပြေးညီတင်ပြရမည်ဖြစ်ပြီး မဆောင်ရွက်ပါကအရေးယူမည်ဟု MPTAက ဆီလုပ်ငန်းရှင်များကို ဖိအား​ပေးခြိမ်းခြောက်ထားသည်။

(စက်သုံးဆီ​ ကုန်သွား၍ ဝယ်မရ​သောဆီနှင့်အ​ရောင်းရပ်ထား​ကြောင်း ​ကြေညာထား​သောဆိုင်အချို့ ကို ဧပြီလကုန်နှင့်ဇွန်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-Online Viral)
(စက်သုံးဆီ​ ကုန်သွား၍ ဝယ်မရ​သောဆီနှင့်အ​ရောင်းရပ်ထား​ကြောင်း ​ကြေညာထား​သောဆိုင်အချို့ ကို ဧပြီလကုန်နှင့်ဇွန်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-Online Viral)

ထိုကန့်သတ်ချက်သည် လုပ်ငန်းရှင်များအတွက်အခက်အခဲဖြစ်စေပြီးစီးပွားရေးလုပ်ငန်းကိုအာဏာနှင့်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“မကိုက်လို့ (မမြတ်ဘဲ လုပ်ငန်းလည်ပတ်ရန်ခက်ခဲ၍)ဆီဆိုင်ပိတ်ရင်တောင် အခက်အခဲဖြစ်နေတဲ့ အနေအထားပါ”ဟု အထက်ပါလုပ်ငန်းရှင်က​ပြောသည်။

စစ်​ကောင်စီက ​ဒေါ်လာ​ဈေးထိန်းချုပ်ပြီး စက်သုံးဆီကိုပါ၎င်းတို့သတ်မှတ်သည့် နှုန်းအတိုင်း​ရောင်းချရမည်ဟု ကန့်သတ်ထားသည်။ထို​ဈေးနှုန်းသည် ​ဈေးကွက်​ပေါက်​ဈေးနှုန်းထက်များစွာနည်း​နေပြီး လုပ်ငန်းရှင်များအတွက်တွက်​ခြေမကိုက်​သော​ကြောင့်​ ဆီဆိုင်တွင်​ရောင်းချမှု​လျှော့နည်းလာသည်။ထိုအပြင် ​စစ်​ကောင်စီက​ဒေါ်လာများကိုထိန်စချုပ်ရန်ကြိုးပမ်း​နေပြီး ပြည်တွင်း၌ဒေါ်လာရှားပါးမှု​ကြောင့် စက်သုံးဆီဝယ်ရန် ပိုမိုခက်ခဲလာသည်။ထို​နောက်ဈေးကွက်အတွင်း ​မှောင်ခို​ဈေးကွက်​ပေါ်​ပေါက်လာသည်။

(စက်သုံးဆီ​ ကုန်သွား၍ ဝယ်မရ​သောဆီနှင့်အ​ရောင်းရပ်ထား​ကြောင်း ​ကြေညာထား​သောဆိုင်အချို့ ကို ဧပြီလကုန်နှင့်ဇွန်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-Online Viral)
(စက်သုံးဆီ​ ကုန်သွား၍ ဝယ်မရ​သောဆီနှင့်အ​ရောင်းရပ်ထား​ကြောင်း ​ကြေညာထား​သောဆိုင်အချို့ ကို ဧပြီလကုန်နှင့်ဇွန်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-Online Viral)

လက်ရှိ ရန်ကုန်မြို့အပါအဝင် ဆီဆိုင်အများစုတွင် စက်သုံးဆီပြတ်လပ်နေပြီး ဆီဝယ်ယူရန် အခက်အခဲဖြစ်နေသည်ဟု ​ပြည်သူများကပြောသည်။ နယ်မြို့များတွင် ဆီဆိုင်များတွင် ဆီပြတ်လပ်နေ၍ ဆီဆိုင်အများစုမှ ပိတ်ထားရသည်။​မှောင်ခို​ရောင်းချ​သော​နေရာများတွင် စစ်​ကောင်စီသတ်မှတ်​သော​ဈေးထက် ပို​ပေး၍ဝယ်ရ​သော်လည်း ဆီ​မှောင်ခို​ရောင်းသူများကို စစ်​ကောင်စီကလိုက်လံဖမ်းဆီးသဖြင့် ဆီ​မှောင်ခိုဝယ်ရန်လည်းခက်ခဲ​နေသည်။

ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာကို ၂၃၀၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၃၇၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၁၀ကျပ် နှင့် ပရီမီယံတစ်လီတာကို ၂၆၄၀ကျပ်ပေါက်ဈေးရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook