Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီစစ်​ကြောင်း ကန်ပက်လက်မှရုတ်တရက်ပြန်ဆုတ်သွား၍ လမ်း​ကြောင်း​ပေါ်မှပြည်သူများကို​ဘေးကင်းရာ​ရွေ့​ပြောင်း

စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးစဥ် လမ်း​ကြောင်းတစ်​လျှောက်ပြည်သူ့​နေအိမ်များ​ဖောက်ထွင်းခိုးယူဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ​ဒေသခံ​ကျေးရွာ၁၁ ရွာ​ခန့်ထွက်​ပြေးတိမ်း​ရှောင်ခဲ့ရသည်။

(စစ်​​ကောင်စီတပ်ဆုတ်ရာ လမ်း​ကြောင်း​ပေါ်ရှိ ပြည်သူများနှင့်စစ်​ရှောင်ပြည်သူများကို ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က ​ဘေး​ကင်းရာ​ရွေ့​ပြောင်း​ပေးစဥ်။ ဓါတ်ပုံ-ကန်က်လက်မြို့ ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီစစ်ကြာင်းသည်ရုတ်တရက်နောက်ကြောင်းပြန်ဆုတ်သွားသည့်အတွက်ယင်းလမ်းကြောင်းပေါ်ရှိ ပြည်သူများနှင့်စစ်ဘေးရှောင်ပြည်သူများကို ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့​ကြောင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်သည် ဇွန် ၉ ရက်မှစ၍ ချင်း​ဒေသကာကွယ်​ရေးတပ်-CDF-ကန်ပက်လက်တပ်ရင်း ၂ ၏စခန်းတစ်ခုဖြစ်​သော Vakok စခန်းလာ​ရောက်တိုက်ခိုက်ခဲ့သည်။ဇွန်လ ၁၀ရက်တွင်တပ်စခန်း နေရာကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ဝင်ရောက်သိမ်းပိုက်ခဲ့ရာတိုက်ပွဲပြင်ထန်စွာဖြစ်ပွားပြီးလက်နက်အင်အားမမျှ၍ CDF ကန်ပက်လက်နှင့်တပ်​ပေါင်းစုက​နောက်ဆုတ်​ပေးခဲ့သည်။ထိုတိုက်ပွဲတွင် CDF မှထိ့ခိူက်ကျဆုံးမှုမရှိဘဲ စစ်​​ကောင်စီတပ် ၁၅ ဦးခတ့်​သေဆုံးခဲ့​ကြောင်းCDF ကန်ပက်လက်ကထုတ်ပြန်သည်။

(စစ်​​ကောင်စီတပ်ဆုတ်ရာ လမ်း​ကြောင်း​ပေါ်ရှိ ပြည်သူများနှင့်စစ်​ရှောင်ပြည်သူများကို ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က ​ဘေး​ကင်းရာ​ရွေ့​ပြောင်း​ပေးစဥ်။ ဓါတ်ပုံ-ကန်က်လက်မြို့ ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့)
(စစ်​​ကောင်စီတပ်ဆုတ်ရာ လမ်း​ကြောင်း​ပေါ်ရှိ ပြည်သူများနှင့်စစ်​ရှောင်ပြည်သူများကို ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က ​ဘေး​ကင်းရာ​ရွေ့​ပြောင်း​ပေးစဥ်။ ဓါတ်ပုံ-ကန်က်လက်မြို့ ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့)

ကန်ပက်လက် CDF တပ်များက စစ်​ကောင်စီတပ်ရှိ​နေ​သောစခန်းနေရာသို့ သွားရောက်၍လမ်း​ကြောင်းများကိုပိတ်ဆို့တိုက်ခိုက်ခြင်း၊ စစ်ကူ​ပေး​သောကန်ပက်လက်မြို့ပေါ်ရှိစစ်​ကောင်စီတပ်ကို ပြောက်ကျားစစ် ဆင်နွှဲခြင်း ကိုဆက်တိုက်လုပ်ခဲ့ရာစစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများခဲ့သည်။ဇွန် ၉ရက်မှ ၁၃ ရက်အတွင်းဖြစ်​သောတိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ အနည်းဆုံး ၃၀ ​ကျော်​သေဆုံး ဒဏ်ရာရရှိခဲ့​ကြောင်းCDF ကန်ပက်လက်ထုတ်ပြန်ချက်များအရသိရသည်။

ထို့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာဇွန်၁၃ တွင်မကွေးတိုင်းဒေသရှိ အောက်လက်မွန်ကျေးရွာနှင့်ကျောက်စစ်ကျေးရွာများဖက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးစဥ် လမ်း​ကြောင်းတစ်​လျှောက်ပြည်သူ့​နေအိမ်များ​ဖောက်ထွင်းခိုးယူဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ​ဒေသခံ​ကျေးရွာ၁၁ ရွာ​ခန့်ထွက်​ပြေးတိမ်း​ရှောင်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်မှ စပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့လေကြောင်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။