Connect with us

Hi, what are you looking for?

သတင်း

စစ်ယာဉ်တန်း၊ တပ်လှုပ်ရှားမှုအပါအဝင် စစ်ကောင်စီနှင့် ပတ်သက်သည့် သတင်းများပေးပို့ရန် NUG ကာကွယ် ရေးဝန်ကြီးဌာန ဖိတ်ခေါ်

ပြည်သူများ သတင်းပေးပို့နိုင်သည့် ကာကွယ်ရေးဝန် ကြီးဌာနသို့ဆက်သွယ်ရမည့် လိပ်စာများမှာ Telegram – info2mod ၊ Email – info2mod@mod.nugmyanmar.org တို့ဖြစ်ကြော်း ဖော်ပြထားသည်။

NUG
NUG

အကြမ်းဖက် စစ်တပ်၊ ရဲနှင့်ထောက်တိုင်များ၏ လှုပ်ရှား မှုနှင့် ကိုယ်ရေးအချက်အလက်များ၊ စစ်ရာဇဝတ်မှုများ ၊အကြမ်းဖက်မှုများ၊ စစ်ယာဉ်တန်း ရွေ့လျားမှုများနှင့် တပ်တည် တပ်လှုပ်ရှားများ၊ ဒေသတွင်း အရေးကြီးဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနသို့ သတင်းများ ပေးပို့နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“မြန်မာ့နွေဦးတော်လှန်ရေးဟာ ရက်(၅၀၀) ပြည့်မြောက်ခဲ့ပါပြီ။ ရက်(၅၀၀)အတွင်းမှာ ခုခံတွန်းလှန်စစ်ဟာ အတိုင်းအတာတစ်ခုထိ ခရီးပေါက်မြောက်ခဲ့ပါတယ်။ လာမယ့်ကာလတွေဟာ စစ်ကောင်စီရဲ့ အရှိုက်ကို ထိချက်မိမိထိုးနှက်ရမယ့်ကာလတွေ ဖြစ်လာပါလိမ့်မယ်။ စစ်ကောင်စီအရှိုက်ကို ထိချက်မိမိထိုးနှက်နိုင်ဖို့ မှန်ကန်တိကျတဲ့သတင်းအချက်အလက်ရရှိရေးဟာ အထူးအရေးပါ အရာရောက်လာပါတယ်။ စစ်ကောင်စီနဲ့ ပတ်သတ်သမျှ သတင်းအချက်အလက်တွေကို အောက်ပါ နေရာများသို့ ပို့ဆောင်ပြီး သတင်းတပ်သားအဖြစ် ပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်သူများ သတင်းပေးပို့နိုင်သည့် ကာကွယ်ရေးဝန် ကြီးဌာနသို့ဆက်သွယ်ရမည့် လိပ်စာများမှာ Telegram – info2mod ၊ Email – info2mod@mod.nugmyanmar.org တို့ဖြစ်ကြော်း ဖော်ပြထားသည်။

စစ်ကောင်စီကို ချေမှုန်းရန် စစ်ရေးအရှိန်မြှင့်တင်မှု မကြာမီ ပြုလုပ်ကြရမည်ဖြစ်ကြောင်း NUGယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook