Connect with us

Hi, what are you looking for?

သတင်း

ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှတပ်ကြပ်ကြီးကို ပဲခူးခရိုင် PDF ပစ်ခတ်ရှင်းလင်း

ယနေ့နေ့လယ် ၁ နာရီ ၃၅ ခန့်က ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲနွယ်ကုန်းမြို့အဝင်ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပဲနွယ်ကုန်းနယ်မြေရဲစခန်း
ပဲနွယ်ကုန်းနယ်မြေရဲစခန်း

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ် ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့(ဇွန် ၁၅)ထုတ်ပြန် သည်။

ယနေ့နေ့လယ် ၁ နာရီ ၃၅ ခန့်က ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲနွယ်ကုန်းမြို့အဝင်ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိုစစ်ဆင်ရေးတွင် စကစ ထောက်တိုင် တပ် ကြပ်ကြီးထွန်းထွန်းနိုင်သေဆုံးခဲ့ပြီး တပ်ရင်း ၃၇၀၂ တပ်ခွဲ ၁ မှရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။

ပဲခူးတိုင်း PDF တပ်ရင်းများအနေဖြင့် အာဏာ သိမ်းအကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့​၏ ထောက်တိုင်များကို တိုက်ခိုက်လျက်ရှိရာ ဇွန် ၁၁ ရက်က သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရွှေတန်းမြေအဖွဲ့မှ လက်ပံတန်းမြို့နယ် ကျွန်းကလေးတာဆုံ အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ