ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ် ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့(ဇွန် ၁၅)ထုတ်ပြန် သည်။
ယနေ့နေ့လယ် ၁ နာရီ ၃၅ ခန့်က ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲနွယ်ကုန်းမြို့အဝင်ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ထိုစစ်ဆင်ရေးတွင် စကစ ထောက်တိုင် တပ် ကြပ်ကြီးထွန်းထွန်းနိုင်သေဆုံးခဲ့ပြီး တပ်ရင်း ၃၇၀၂ တပ်ခွဲ ၁ မှရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။
ပဲခူးတိုင်း PDF တပ်ရင်းများအနေဖြင့် အာဏာ သိမ်းအကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ ထောက်တိုင်များကို တိုက်ခိုက်လျက်ရှိရာ ဇွန် ၁၁ ရက်က သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရွှေတန်းမြေအဖွဲ့မှ လက်ပံတန်းမြို့နယ် ကျွန်းကလေးတာဆုံ အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းခဲ့သည်။