Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှတပ်ကြပ်ကြီးကို ပဲခူးခရိုင် PDF ပစ်ခတ်ရှင်းလင်း

ယနေ့နေ့လယ် ၁ နာရီ ၃၅ ခန့်က ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲနွယ်ကုန်းမြို့အဝင်ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပဲနွယ်ကုန်းနယ်မြေရဲစခန်း
ပဲနွယ်ကုန်းနယ်မြေရဲစခန်း

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ် ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့(ဇွန် ၁၅)ထုတ်ပြန် သည်။

ယနေ့နေ့လယ် ၁ နာရီ ၃၅ ခန့်က ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲနွယ်ကုန်းမြို့အဝင်ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိုစစ်ဆင်ရေးတွင် စကစ ထောက်တိုင် တပ် ကြပ်ကြီးထွန်းထွန်းနိုင်သေဆုံးခဲ့ပြီး တပ်ရင်း ၃၇၀၂ တပ်ခွဲ ၁ မှရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။

ပဲခူးတိုင်း PDF တပ်ရင်းများအနေဖြင့် အာဏာ သိမ်းအကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့​၏ ထောက်တိုင်များကို တိုက်ခိုက်လျက်ရှိရာ ဇွန် ၁၁ ရက်က သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရွှေတန်းမြေအဖွဲ့မှ လက်ပံတန်းမြို့နယ် ကျွန်းကလေးတာဆုံ အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။