Connect with us

Hi, what are you looking for?

သတင်း

NLDပါတီ မြင်းခြံခရိုင်နာယက၏ သားပိုင်ဆိုင်​သော လယ်ထွန်စက်နှစ်စီးကို စစ်​ကောင်စီအဖွဲ့ လုယူ

အကြမ်းဖက်စစ်ကောင်စီတပ်မှ အဓမ္မလုယူထားသည့် ​ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မ​ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ပြည်သူများအနေဖြင့် မဝယ်ယူမိရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေတ္တာရပ်ခံသည်။

(လုယူခံရသည့် ထွန်စက်နှစ်စီး၊ ဓာတ်ပုံ - မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ)
(လုယူခံရသည့် ထွန်စက်နှစ်စီး၊ ဓာတ်ပုံ - မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ)

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ(NLD)ခရိုင်နာယက၏ သားပိုင်ဆိုင်သည့် ကျပ်သိန်းတစ်ထောင့်လေးရာခန့်တန်ဖိုးရှိသော လယ်ထွန်စက်၂စီးကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူ​စောထီးများက အဓမ္မလုယူသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

ဇွန်လ၃ရက်က မြင်းခြံမြို့နယ်၊ လယ်သစ်‌ကျေးရွာမှ NLD ခရိုင်နာယကဖြစ်သူ ဦးလှမြင့်(ခ)ကုလား၏ သားပိုင်သည့် လယ်ထွန်စက်၂စီးကို အဓမ္မလုယူသွားခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ၏ ယနေ့ ဇွန်လ ၁၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အဓမ္မလုယူထားသည့် ​ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မ​ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ပြည်သူများအနေဖြင့် မဝယ်ယူမိရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေတ္တာရပ်ခံသည်။

ဝယ်ယူခဲ့ပါက နောင်တစ်ချိန်တွင် နောက်ဆက်တွဲပြသနာများဖြစ်ပေါ်လာနိုင်သည့်အတွက် ပစ္စည်းဝယ်ယူမှုများတွင် အထူးသတိထားဆောင်ရွက်ကြရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ သတ်ဖြတ်ခံရသည့် အရပ်သား၅၅ဦးရှိပြီ ဖြစ်သည်။ထို့အပြင် တိုက်ပွဲတွင်းကျဆုံးသူနှင့် PDF ဖမ်းဆီးအလောင်းဖျောက်ခံရသူ ​ခြောက်ဦး၊ တော်လှန်ရေးအတွင်း မတော်တဆထိခိုက်မိပြီး ကျဆုံးသူ ငါးဦးရှိနေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။