Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့ အေးမြသီတာစျေး မီးလောင်၊ ဆိုင်ခန်းနဲ့ ပွဲရုံတွေ မီးထဲပါ

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းနဲ့ ပွဲရုံတွေ မီးထဲပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

(အေးမြသီတာစျေး မီးလောင်နေစဥ် ဓါတ်ပုံံ - MFSD)

စက်တင်ဘာ ၂၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းနဲ့ ပွဲရုံတွေ မီးထဲပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က စက်တင်ဘာ ၂၇ ရက် ည ၈ နာရီခန့်က မြင်းခြံမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အေးမြသီတာစျေး မီး​​လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နာရီဝက်ခန့် လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းတွေနဲ့ ငရုတ်၊ ကြက်သွန် အစရှိတဲ့ ပွဲရုံတန်းတွေ မီးထဲပါသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

“တစ်ရုံလုံး ကုန်တာ။ မီးသတ်ရုံးကလည်း စျေးနဲ့ ကပ်ရပ်ပဲ”လို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးခဲ့တဲ့ ဆိုင်ခန်းအရေအတွက် မသိရသေးပါဘူး။

မြင်းခြံမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတဲ့ဒေသဖြစ်ပြီး မြို့ပေါ်မှာလည်း စစ်မှုထမ်းခေါ်ယူတာတွေရှိနေတဲ့အတွက် ပြပြည်သူတွေဟာ လုံခြုံရေးစိုးရိမ်နေရတဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

Facebook