Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NLDပါတီ မြင်းခြံခရိုင်နာယက၏ သားပိုင်ဆိုင်​သော လယ်ထွန်စက်နှစ်စီးကို စစ်​ကောင်စီအဖွဲ့ လုယူ

အကြမ်းဖက်စစ်ကောင်စီတပ်မှ အဓမ္မလုယူထားသည့် ​ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မ​ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ပြည်သူများအနေဖြင့် မဝယ်ယူမိရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေတ္တာရပ်ခံသည်။

(လုယူခံရသည့် ထွန်စက်နှစ်စီး၊ ဓာတ်ပုံ - မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ)
(လုယူခံရသည့် ထွန်စက်နှစ်စီး၊ ဓာတ်ပုံ - မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ)

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ(NLD)ခရိုင်နာယက၏ သားပိုင်ဆိုင်သည့် ကျပ်သိန်းတစ်ထောင့်လေးရာခန့်တန်ဖိုးရှိသော လယ်ထွန်စက်၂စီးကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူ​စောထီးများက အဓမ္မလုယူသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

ဇွန်လ၃ရက်က မြင်းခြံမြို့နယ်၊ လယ်သစ်‌ကျေးရွာမှ NLD ခရိုင်နာယကဖြစ်သူ ဦးလှမြင့်(ခ)ကုလား၏ သားပိုင်သည့် လယ်ထွန်စက်၂စီးကို အဓမ္မလုယူသွားခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ၏ ယနေ့ ဇွန်လ ၁၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အဓမ္မလုယူထားသည့် ​ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မ​ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ပြည်သူများအနေဖြင့် မဝယ်ယူမိရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေတ္တာရပ်ခံသည်။

ဝယ်ယူခဲ့ပါက နောင်တစ်ချိန်တွင် နောက်ဆက်တွဲပြသနာများဖြစ်ပေါ်လာနိုင်သည့်အတွက် ပစ္စည်းဝယ်ယူမှုများတွင် အထူးသတိထားဆောင်ရွက်ကြရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ သတ်ဖြတ်ခံရသည့် အရပ်သား၅၅ဦးရှိပြီ ဖြစ်သည်။ထို့အပြင် တိုက်ပွဲတွင်းကျဆုံးသူနှင့် PDF ဖမ်းဆီးအလောင်းဖျောက်ခံရသူ ​ခြောက်ဦး၊ တော်လှန်ရေးအတွင်း မတော်တဆထိခိုက်မိပြီး ကျဆုံးသူ ငါးဦးရှိနေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

မတ်လ ၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်တွင် ကားတစ်စီးဖြင့်ထွက်လာသော ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသေးသည်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။