Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်၏လက်နက်ကြီးကျည် ဇွပ်​အောင်စစ်​​ရှောင်စခန်းအတွင်းကျ၍ စစ်​ရှောင်အမျိုးသမီးသုံးဦး ​သေဆုံး

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ကွတ်ခိုင်မြို့နယ်တွင်ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကအထိနာသဖြင့် အရပ်သားပစ်မှတ်များကိုပါ ဦးတည်တိုက်ခိုက်နေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

ဓာတ်ပုံ - Kachin News Group
ဓာတ်ပုံ - Kachin News Group

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းမြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် ဇွပ်​အောင်စစ်ဘေးရှောင်စခန်းအတွင်းကျရောကပေါက်ကွဲခဲ့၍စစ်​ရှောင်အမျိုးသမီးသုံးဦးသေဆုံးခဲ့သည်ဟုဒေသခံများကပြောသည်။

စစ်ကောင်စီတပ်က ယနေ့(ဇွန် ၁၇ရက်)နံနက် ၁၁နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် ဇွပ်အောင် စစ်ရှောင်စခန်းဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးသုံးဦး​သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်ဘေးရှောင်းစခန်းက ပြည်သူသုံးဦး လက်နက်ကြီး ထိ သေတယ်။ စစ်ကောင်စီတပ်က စပ်တပ်ကုန်းကနေပစ်နေတာ”ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ကွတ်ခိုင်မြို့နယ်တွင်ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကအထိနာသဖြင့် အရပ်သားပစ်မှတ်များကိုပါ ဦးတည်တိုက်ခိုက်နေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

Public Service Announcement

Public Service Announcement

ဇွပ်အောင်စစ်ဘေးရှောင်စခန်းသည် ယခင်က ရှမ်းမြောက်တိုက်ပွဲများကြောင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ တစ်ထောင်ခန့်ရှိနေသည်။

တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ ဇွပ်အောင်စခန်းမှ စစ်ဘေးရှောင်များသည် ကွတ်ခိုင်မြို့ပေါ်သို့ အရေးပေါ်ပြောင်းရွှေ့နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်