Connect with us

Hi, what are you looking for?

သတင်း

ဒေသအသီးသီးရှိ PDF တပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းမှုများပြုလုပ်၊ အချုပ်အနှောင်မှ လွတ်မြောက်ရန် ဆုတောင်းကြ

ပြည်သူ့စွမ်းအားတပ်ပေါင်းစုကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ၊ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး “အမေစုနှင့်တကွမတရားဖမ်းဆီးခံထားရသောသူများအားလုံး မြန်မာတပြည်လုံးအမြန်ဆုံးအာဏာရှင်လက်အောက်မှလွတ်မြောက်ပါစေ”ဟု ဆုတောင်းပေးခဲ့သည်။

ဒေသအသီးသီးရှိ PDF တပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းမှုများပြုလုပ်
ဒေသအသီးသီးရှိ PDF တပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းမှုများပြုလုပ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကျရောက်သည့် (၇၇)နှစ်မြောက်မွေးနေ့တွင်ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို ရေလည်ကျွန်းဒေသတပ်ခွဲရဲဘော်များ၊ ရှေ့တန်းရောက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ရဲဘော်များ၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု(PPC)မှ ရဲဘော်များ၊ YDF Htilin Battalion 3 မှရဲဘော်များ၊ ဂန့်ဂေါ PDF မှ ရဲဘော်များ၊ အမှတ် -၁၀၀၈ တပ်ရင်း(ရှမ်းတောင်)မှ ရဲဘော်များ၊ NUG အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၇) ရဲဘော်များ၊ က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြသည်။

“အမေစုကျန်းမာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ ၊ အမေ့ခေါင်းမှာပန်ဖို့ သားတို့ပန်းတွေခူးနေကြတယ်အမေ”ဟု ရေစကြို PDF ရဲဘော်များက ဆုတောင်းပေးသည်။

ပြည်သူ့စွမ်းအားတပ်ပေါင်းစုကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ၊ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး “အမေစုနှင့်တကွမတရားဖမ်းဆီးခံထားရသောသူများအားလုံး မြန်မာတပြည်လုံးအမြန်ဆုံးအာဏာရှင်လက်အောက်မှလွတ်မြောက်ပါစေ”ဟု ဆုတောင်းပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြည်သူ့မေတ္တာလွှမ်းခြုံ၍ သက်ရှည်ကျန်းမာ ဘေးဘယာကင်းဝေးပါစေ။အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။အချုပ်အနှောင်ခံနေရသော အမှန်တရားဘက်တော်သားအားလုံးလည်းအမြန်ဆုံးလွတ်မြောက်ပါစေ”ဟု ဂန့်ဂေါ PDFက ဆုတောင်းပေးသည်။

ယောဒေသကာကွယ်ရေးတပ်(ထီးလင်း) တပ်ရင်း – ၃ ကလည်း “ဒီမွေးနေ့မှသည် အမေ‌​ဒေါ်အောင်ဆန်းစုကြည်အသက်ရှည်ကျန်းမာ ပျော်ရွှင်ပါစေအချုပ်အနှောင်များမှ လွတ်မြောက်ပါစေ။ မြန်မာပြည်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံပြည်သူများ အချုပ်အနှောင်များမှ လွတ် မြောက်ပါစေအာဏာရှင်စနစ်ကျဆုံးပါစေကြောင်းကျွန်တော်တို့အသက်နဲ့ သစ္စာတည်၍ ဆုတောင်းပေး လိုက်ပါတယ်ခင်ဗျာ”ဟု ဆုတောင်းပေးသည်။

မိဘပြည်သူများလည်း ဖက်ဆစ်စစ်တပ်၏ အတုအ ယောင် ဒီမိုကရေစီ၌ မနစ်မြောဘက် အကြေက်တရားကို တော်လှန်ကြရန် YDF ထီးလင်းတပ်ရင်း(၃)က တိုက် တွန်းခဲ့သည်။

ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် PDF တပ်ဖွဲ့များ၊ပြည်သူများနှင့် ပြည်ပရောက်မြန်မာများက မွေးနေ့ဆုတောင်းပေးခဲ့ကြပြီးအချုပ် အနှောင်မှ အမြန်လွတ်မြောက်စေရန်ကို ဆုတောင်းခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။