Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်း

မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးထွေးဆိုသူကို ယနေ့နံနက် ၇နာရီခွဲခန့်တွင် သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

(မဟာ​အောင်​မြေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်​​ရေးရုံးတစ်ခုအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မဟာ​အောင်​မြေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်​​ရေးရုံးတစ်ခုအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power(GZP)က ယနေ့(ဇွန် ၂၁) ထုတ်ပြန်သည်။

မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးထွေးဆိုသူကို ယနေ့နံနက် ၇နာရီခွဲခန့်တွင် သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ပစ်ခတ်ရှင်းလင်းခံရသော စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးမျိုးထွေးသည် ရန်ကုန်မြို့ဘက်မှပြန်လာပြီး မဟာအောင်မြေရှိ ၎င်း၏ မိခင်ထံဝင်တွေ့စဥ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေရာတင်ပွဲချင်းပြီးသေဆုံးသွားကြောင်း GZP ထံမှ သိရသည်။

“ပြည်သူတွေ သွေးအေးမသွားကြဖို့နဲ့ ဒီတော် လှန်ရေးက နိုင်ကိုနိုင်မှာ ဖြစ်ကြောင်း ပြောကြားချင်ပါတယ်”ဟု GZP မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

Public Service Announcement

Public Service Announcement

မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များက စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ဖြိုဖျက်လျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ထောက်ပို့တပ်သားများအဖြစ် နေအိမ်တွင်နေထိုင်းရင်း Click ပေးကြရန် GZPက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook