Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ်၊ ရန်လင်းဖိုင်ရွာမှ​နေအိမ်အချို့ကို စစ်​ကောင်စီတပ်မီးရှို့

“မီးရှို့လို့အိမ်မီးလောင်တာဘဲရှိတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ PDFတွေနဲ့ တိုက်ပွဲမဖြစ်ပဲ သက်သက်မီးလာရှို့သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ထိုအပြင် ​သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်၍ ​နေအိမ်အချို့ ထိ့မှန်ပျက်စီးခဲ့​သေးသည်။

(စစ်​ကောင်စီတပ်မီးရှို့ ၊ပစ်ခတ်ဖျက်ဆီးသွား​သော​နေအိမ်အချို့ ။ ။ ဓါတိပုံ-CJ)
(စစ်​ကောင်စီတပ်မီးရှို့ ၊ပစ်ခတ်ဖျက်ဆီးသွား​သော​နေအိမ်အချို့ ။ ။ ဓါတိပုံ-CJ)

တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(ဇွန် ၂၃ ရက်) ည​နေ ၄ နာရီခန့်ကမီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်၏မီးရှို့မှုကြောင့်လူနေအိမ် ၄ လုံးမီးလောင်ကျွမ်းခဲ့ပြီး ဒေသခံပြည်သူ ၂၀၀ခန့်အိန္ဒိယနယ်စပ်သိုထွက်ပြေးခဲ့ကြသည်ဟု ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်မီးရှို့ ၊ပစ်ခတ်ဖျက်ဆီးသွား​သော​နေအိမ်အချို့ ။ ။ ဓါတိပုံ-CJ)
(စစ်​ကောင်စီတပ်မီးရှို့ ၊ပစ်ခတ်ဖျက်ဆီးသွား​သော​နေအိမ်အချို့ ။ ။ ဓါတိပုံ-CJ)

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရန်လင်းဖိုင်ကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

“မီးရှို့လို့အိမ်မီးလောင်တာဘဲရှိတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ PDFတွေနဲ့ တိုက်ပွဲမဖြစ်ပဲ သက်သက်မီးလာရှို့သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ထိုအပြင် ​သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်၍ ​နေအိမ်အချို့ ထိ့မှန်ပျက်စီးခဲ့​သေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံပျူစောထီးများကို PDF(တမူး)က ယမန့်နေ့ (ဇွန် ၂၂ ရက်)တွင် စွန်ရဲစစ်ဆင်​ရေးအဖြစ် တိုက်ခိုက်ရာတွင် စစ်ကောင်စီနှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)ကထုတ်ပြန်ထားသည်။ ထိုသို့တိုက်ခိုက်ခံရပြီး ​နောက်တစ်ရက်တွင် ရန်လင်းဖိုင်ရွာမှ ​နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Facebook