Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ သားအမိနှစ်ဦးကျည်ထိမှန်သေဆုံး

“အရေးပေါ်ပါ။ အခြေအနေလုံးဝမကောင်းပါ။ မုံရွာတောင်နယ် တစ်ခုလုံးစစ်ကြောင်းထိုးနေတယ်။ မြေနဲမှာလည်းအစောပိုင်းက အိမ်တွေထဲထိဝင်မွှေနေတာ။ လက်ရှိချောင်းဦး အောင်ချမ်းသာနားမှာခွေးတွေလက်နက်ကြီးနဲ့ရမ်းထုတာ အမျိုးသမီး သုံးဦး၊အမျိုးသားတစ်ဦး ထိသွားတယ်။”ဟု PDF-South Monywa တာဝန်ရှိသူက ယမန်နေ့ည ၁၁နာရီဝန်းကျင်တွင် ပြောသည်။

(ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးဘေးတွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်သားတစ်ဦးအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးဘေးတွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်သားတစ်ဦးအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်၌ ယမန်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ သားအမိ နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇွန်လ၂၃ရက်) ည၉နာရီခန့်က ချောင်းဦးမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် လက်နက်ကြီး (၇)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် နေအိမ် သုံးလုံးထိမှန်ခဲ့ပြီး ကျောင်းရွာရပ်ကွက်နေ ဒေါ်ပေါက်နှင့် သမီးဖြစ်သူ မဝါမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်သော အခြားနေအိမ်များတွင်လည်း ပြည်သူများဒဏ်ရာအများအပြား ရရှိထား​ကြောင်း ChaungU Revolutionက အသိပေးသည်။

Public Service Announcement
Public Service Announcement

“အရေးပေါ်ပါ။ အခြေအနေလုံးဝမကောင်းပါ။ မုံရွာတောင်နယ် တစ်ခုလုံးစစ်ကြောင်းထိုးနေတယ်။ မြေနဲမှာလည်းအစောပိုင်းက အိမ်တွေထဲထိဝင်မွှေနေတာ။ လက်ရှိချောင်းဦး အောင်ချမ်းသာနားမှာခွေးတွေလက်နက်ကြီးနဲ့ရမ်းထုတာ အမျိုးသမီး သုံးဦး၊အမျိုးသားတစ်ဦး ထိသွားတယ်။”ဟု PDF-South Monywa တာဝန်ရှိသူက ယမန်နေ့ည ၁၁နာရီဝန်းကျင်တွင် ပြောသည်။

မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ဇွန်လ၂၃ရက် နေ့လယ်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များ ခပ်စိပ်စိပ်လှုပ်ရှားနေကြောင်း၊ ယနေ့နံနက် ၅ နာရီမတိုင်ခင်အထိ မည်သည့်ယာဉ်၊ မည်သည့်အကြောင်းပြချက်နှင့်မျှ မည်သူတစ်ဦးတစ်ယာက်မျှဖြတ်သန်းသွားလာခြင်းမပြုကြရန် PDFSouth Monywaက သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook