Connect with us

Hi, what are you looking for?

သတင်း

ခြံအမှတ် ၅၄ အမွေအမှု စစ်ကောင်စီတရားရုံးက ၃ လအတွင်း အပြီးသတ် ဆုံးဖြတ်ဖို့ ရှိနေ

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ဦးအောင်ဆန်းဦးရဲ့ အယူခံကို လက်ခံဖို့ သင့်မသင့် ပြန်လည်ကြားနာဖို့ဖြစ်လာတာပါ။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖမ်းဆီးပြီးအမှုအများအပြားနဲ့ ဖမ်းဆီးထောင်ချထားချိန်မှာပဲ အမွေအမှုဟာ တိုက်ဆိုင်စွာ ပြန်လည်ပေါ်ထွက်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အမွေအမှု ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မနေ့က ဇွန်လ ၂၇ ရက် မှာ စတင်ကြားနာလိုက်တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

မနေ့က တရားခွင်ဟာ ဦးအောင်ဆန်းဦးရဲ့အယူခံကို ကြားနာတာဖြစ်ပြီး ၂ ဖက် ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့တယ်လို့သိရပါတယ်။

ဒီအမှုကို ၃ လုံးအတွင်း အပြီးသတ် ဆုံးဖြတ်နိုင်ဖွယ်ရှိတယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးအေးလွင်က AP သတင်းဌာနကိုပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖမ်းဆီးပြီးအမှုအများအပြားနဲ့ ဖမ်းဆီးထောင်ချထားချိန်မှာပဲ အမွေအမှုဟာ တိုက်ဆိုင်စွာ ပြန်လည်ပေါ်ထွက်လာတာပါ။

Public Service Announcement

Public Service Announcement

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ ဒီအမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

တရားရုံးရဲ့ အမိန့်မှာ မြေအကျယ်အဝန်း ၂ ဧက နီးပါးရှိတဲ့ ဒေါ်ခင်ကြည်အမည်ပေါက် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ က ၂ထပ်အိမ်နဲ့ မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည် က ယူပြီး ၁ ထပ်တိုက်နဲ့ မြေတဝက်ကို ဦးအောင်ဆန်းဦး ယူဖို့ ပါရှိတာပါ။

ဒါပေမယ့် ဒီအမိန့် ကို ဦးအောင်ဆန်းဦးက ကျေနပ်မှု မရှိဘဲ အိမ်နဲ့ခြံကို လေလံပစ်ကာ တဝက်စီ ခွဲယူဖို့ ဆန္ဒရှိကြောင်းအဲဒီအချိန်က မီဒီယာတွေကိုပြောခဲ့ဖူးပါတယ်။

ဒါကြောင့် ဦးအောင်ဆန်းဦးက အယူခံအဆင့်ဆင့် တက်ခဲ့ပေမယ့် အထက်ရုံးတွေဟာ အောက်ရုံးက ဆုံးဖြတ်ချက်အတိုင်းအတည်ပြု ပြီး အယူခံကို ပယ်ချခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ဦးအောင်ဆန်းဦးရဲ့ အယူခံကို လက်ခံဖို့ သင့်မသင့် ပြန်လည်ကြားနာဖို့ဖြစ်လာတာပါ။

အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်ဆန်းဦးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့သားကြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။