Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခြံအမှတ် ၅၄ အမွေအမှု စစ်ကောင်စီတရားရုံးက ၃ လအတွင်း အပြီးသတ် ဆုံးဖြတ်ဖို့ ရှိနေ

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ဦးအောင်ဆန်းဦးရဲ့ အယူခံကို လက်ခံဖို့ သင့်မသင့် ပြန်လည်ကြားနာဖို့ဖြစ်လာတာပါ။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖမ်းဆီးပြီးအမှုအများအပြားနဲ့ ဖမ်းဆီးထောင်ချထားချိန်မှာပဲ အမွေအမှုဟာ တိုက်ဆိုင်စွာ ပြန်လည်ပေါ်ထွက်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အမွေအမှု ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မနေ့က ဇွန်လ ၂၇ ရက် မှာ စတင်ကြားနာလိုက်တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

မနေ့က တရားခွင်ဟာ ဦးအောင်ဆန်းဦးရဲ့အယူခံကို ကြားနာတာဖြစ်ပြီး ၂ ဖက် ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့တယ်လို့သိရပါတယ်။

ဒီအမှုကို ၃ လုံးအတွင်း အပြီးသတ် ဆုံးဖြတ်နိုင်ဖွယ်ရှိတယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးအေးလွင်က AP သတင်းဌာနကိုပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖမ်းဆီးပြီးအမှုအများအပြားနဲ့ ဖမ်းဆီးထောင်ချထားချိန်မှာပဲ အမွေအမှုဟာ တိုက်ဆိုင်စွာ ပြန်လည်ပေါ်ထွက်လာတာပါ။

Public Service Announcement

Public Service Announcement

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ ဒီအမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

တရားရုံးရဲ့ အမိန့်မှာ မြေအကျယ်အဝန်း ၂ ဧက နီးပါးရှိတဲ့ ဒေါ်ခင်ကြည်အမည်ပေါက် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ က ၂ထပ်အိမ်နဲ့ မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည် က ယူပြီး ၁ ထပ်တိုက်နဲ့ မြေတဝက်ကို ဦးအောင်ဆန်းဦး ယူဖို့ ပါရှိတာပါ။

ဒါပေမယ့် ဒီအမိန့် ကို ဦးအောင်ဆန်းဦးက ကျေနပ်မှု မရှိဘဲ အိမ်နဲ့ခြံကို လေလံပစ်ကာ တဝက်စီ ခွဲယူဖို့ ဆန္ဒရှိကြောင်းအဲဒီအချိန်က မီဒီယာတွေကိုပြောခဲ့ဖူးပါတယ်။

ဒါကြောင့် ဦးအောင်ဆန်းဦးက အယူခံအဆင့်ဆင့် တက်ခဲ့ပေမယ့် အထက်ရုံးတွေဟာ အောက်ရုံးက ဆုံးဖြတ်ချက်အတိုင်းအတည်ပြု ပြီး အယူခံကို ပယ်ချခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ဦးအောင်ဆန်းဦးရဲ့ အယူခံကို လက်ခံဖို့ သင့်မသင့် ပြန်လည်ကြားနာဖို့ဖြစ်လာတာပါ။

အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်ဆန်းဦးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့သားကြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။