Connect with us

Hi, what are you looking for?

News

ပုဇွန်တောင် ​ရေ​ကျော်တွင် ဗုံးပေါက်ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေကျော်တွင် ယနေ့ (သြဂုတ် ၈ရက်)ညနေ၅နာရီခန့်က ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

” ပုဇွန်တောင် ရေကျော်လမ်းမပေါ်မှာ ရဲတွေရပ်နေတုန်း အဲနားမှာ ဗုံးပေါက်တာလို့ ကြားပါတယ်။ ရဲတွေ ဒဏ်ရာရသွားပါတယ်။ သေဆုံးမှု ရှိ၊ မရှိတော့ သေချာမသိရသေးပါဘူး ” ဟု ၎င်းက ပြောသည်။

ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက “အိပ်နေတဲ့ ကလေးတော့ လန့်နိုးသွားတယ်”လို့ ဗုံး​ပေါက်ကွဲမှု နဲ့ပတ်သတ်ပြီးဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားထား သည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အထက်ပုဇွန်တောင်လမ်းမကြီးနှင့် ရေကျော်လမ်းမတို့ကို ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်း ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှု၊ သေနတ်နီင့်ပစ်ခတ်မှုများ ဆက်တိုက် ရှိလာနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။