” ပုဇွန်တောင် ရေကျော်လမ်းမပေါ်မှာ ရဲတွေရပ်နေတုန်း အဲနားမှာ ဗုံးပေါက်တာလို့ ကြားပါတယ်။ ရဲတွေ ဒဏ်ရာရသွားပါတယ်။ သေဆုံးမှု ရှိ၊ မရှိတော့ သေချာမသိရသေးပါဘူး ” ဟု ၎င်းက ပြောသည်။
ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက “အိပ်နေတဲ့ ကလေးတော့ လန့်နိုးသွားတယ်”လို့ ဗုံးပေါက်ကွဲမှု နဲ့ပတ်သတ်ပြီးဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားထား သည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အထက်ပုဇွန်တောင်လမ်းမကြီးနှင့် ရေကျော်လမ်းမတို့ကို ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
ယခုရက်ပိုင်း ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှု၊ သေနတ်နီင့်ပစ်ခတ်မှုများ ဆက်တိုက် ရှိလာနေသည်။
