Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို ပူးပေါင်းတပ်ဖွဲ့ များတိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ်လေကြောင်းမှအကြိမ်​ရေများစွာလာရောက်တိုက်ခိုက်​နေသည့်ကြားမှပူးပေါင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်​ကြောင်းသတင်းရင်းမြစ်က ပြောသည်။ ယခုတိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့မှထိခိုက်ကျဆုံးမှုရှိသော်လည်း စစ်ကောင်စီတပ်က ၅၀ခန့် ကျဆုံးနိုင်သည်ဟု သိရကြောင်း KNU သတင်းရင်းမြစ်က​ ပြောသည်။

(ပူး​ပေါင်းတပ်ဖွဲ့များက ကရစ်ထစခန်းကို သိမ်းပိုက်ရန်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ဇွန်လ၂၇ရက်တွင် ​လေ​ကြောင်းမှ ဗုံးကြဲ၍ စစ်ကူ​ပေး​နေစဥ်။ ​လေ​ကြောင်းမှ အကြိမ်ကြိမ်လာ​ရောက်ဗုံးကြဲတိုက်ခိုက်သည့်ကြားမှ စခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
(ပူး​ပေါင်းတပ်ဖွဲ့များက ကရစ်ထစခန်းကို သိမ်းပိုက်ရန်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ဇွန်လ၂၇ရက်တွင် ​လေ​ကြောင်းမှ ဗုံးကြဲ၍ စစ်ကူ​ပေး​နေစဥ်။ ​လေ​ကြောင်းမှ အကြိမ်ကြိမ်လာ​ရောက်ဗုံးကြဲတိုက်ခိုက်သည့်ကြားမှ စခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)

▪️စစ်​ကောင်စီတပ်မှလေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်​နေသည့်ကြားမှ စခန်းကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့၊နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်မှ ၅၀ကျော်သေနိုင်ဟု ခန့်မှန်း

မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်စခန်း ဥကရစ်ထစခန်းကို ယနေ့ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောကြားသည်။

“စခန်းသိမ်းတာတော့ ရတယ်။ နယ်မြေ ရှင်းလင်းတာတော့ မပြီးသေးဘူး”ဟု ၎င်းက ယနေ့ ညပိုင်း၌ ပြောကြားသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်မှူး တစ်ဦးဖြစ်သည့် ဗိုလ်စလုံးကလည်း “ (စခန်း)သိမ်းနိုင်နေပြီ။ မီးကတော့ ရှို့နေပြီ။ ဒါပေမဲ့ နယ်မြေ ရှင်းလင်းမကုန်နိုင်သေးဘူး။ ကျွန်တော်တို့ဘက်မှာလည်း ထိတယ်။ သူတို့ဘက်မှာက မသိရသေးဘူး နယ်မြေရှင်းလင်းရေးမပြီးသေးလို့”ဟု ယနေ့ ညပိုင်း၌ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဥကရစ်ထစခန်းကို ဇွန်လ ၂၆ရက်မှစ၍ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များက သုံးရက်ဆက်အပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်ပြီးဇွန်လ ၂၈ရက်ညနေပိုင်း၌ ဥကရစ်ထစခန်းကို ရရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

KNU ဗဟိုတာဝန်ရှိသူတစ်ဦးကမူ စခန်းရရှိသည့် သတင်းကိုကြားရသော်လည်း အသေအချာအတည်မပြုနိုင်သေးဘူးဟု ပြောသည်။

“ သတင်းက သဲ့သဲ့ကြားရတယ်။ ဒါပေမဲ့ လေတပ်က လာပစ်တာတော့ သေချာတယ်။ ညနေမှာ အများကြီးပဲ။ ၇နာရီလောက်မှာပေါ့” ဟု ၎င်းက ဆက်​ပြောသည်။

KNDO တပ်မှူး ဗိုလ်စလုံးကလည်း “ အားလုံး လေယာဉ် ၉ ခေါက်လာပစ်တယ်။ စခန်းသိမ်းတဲ့အချိန်မှာ ။ အခုက မီးလောင်သွားပြီ စခန်းမီးရှို့နေပြီ”ဟု ပြောသည်။

စစ်ကောင်စီတပ်လေကြောင်းမှအကြိမ်​ရေများစွာလာရောက်တိုက်ခိုက်​နေသည့်ကြားမှပူးပေါင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်​ကြောင်းသတင်းရင်းမြစ်က ပြောသည်။ ယခုတိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့မှထိခိုက်ကျဆုံးမှုရှိသော်လည်း စစ်ကောင်စီတပ်က ၅၀ခန့် ကျဆုံးနိုင်သည်ဟု သိရကြောင်း KNU သတင်းရင်းမြစ်က​ ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေတွင် ယခု ဥကရစ်ထစခန်းအပါအဝင် စစ်ကောင် စီတပ်စခန်း ရဲစခန်းခြောက်ခုထက်မနည်းကို ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

(ပူး​ပေါင်းတပ်ဖွဲ့များက ကရစ်ထစခန်းကို သိမ်းပိုက်ရန်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ဇွန်လ၂၇ရက်တွင် ​လေ​ကြောင်းမှ ဗုံးကြဲ၍ စစ်ကူ​ပေး​နေစဥ်။ ​လေ​ကြောင်းမှ အကြိမ်ကြိမ်လာ​ရောက်ဗုံးကြဲတိုက်ခိုက်သည့်ကြားမှ စခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ)

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။