Connect with us

Hi, what are you looking for?

သတင်း

NUGအစိုးရက ပေးအပ်သည့်တာဝန်များ ထမ်းဆောင်ရန်အသင့်ရှိနေဟု ရေစကြို PDFပြော

စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။

ရေစကြို PDF
ရေစကြို PDF

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ပေးအပ်သည့် တာဝန်များ ထမ်းဆောင်ရန် အသင့်ရှိနေကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Yesagyo PDF) ထုတ်ပြန်လိုက်ပြီး တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အားလုံးသည် စစ်အာဏာရှင်တော်လှန်ရေးအတွက်နေ့စဥ် စုဖွဲ့လေ့ကျင့်နေကြောင်း လူထုအား အသိပေးသည်။

တပ်ရင်းအခြေစိုက်ရာ မြေပြင်မှမှတ်တမ်းဓာတ်ပုံနှင့်အတူ ယနေ့(ဇူလိုင် ၄ရက်) ထုတ်ပြန်ရာ Yesagyo PDF မှ တပ်ရင်းမှူး၊ဒုတပ်ရင်းမှူးနှင့် တပ်ရေးအရာရှိကြီးများအပါအဝင် ရဲဘော်များတပ်စိတ်မှူးများ၊တပ်ခွဲမှုးများ အားလုံး အာဏာရှင်တော်လှန်ရေးအတွက် နေ့စဥ်နှင့်အမျှ စုဖွဲ့လေ့ကျင့်နေကြကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန် အသင့်ရှိနေသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။

Public Service Announcement

Public Service Announcement

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မကွေးတိုင်းအခြေစိုက်ဖြစ်ပြီး မန္တလေးတိုင်းအခြေစိုက်သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြားစစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ထုတ်ဖော်ပြသကာ စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဇူလိုင် ၂ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။