Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင် လှုပ်ခတ်

ဒီငလျင်လှုပ်ခတ်မှုကို လှိုင်မြို့နယ် ၊ မရမ်းကုန်း ၊ကမာရွတ် ၊ အင်းစိန် စတဲ့ မြို့နယ်တွေက ပြည်သူအများ သိသိသာသာခံစားလိုက်ရတယ်လို့ သိရပါတယ်။

ရန်ကုန်
ရန်ကုန်

ဒီနေ့မနက်အစောပိုင်း ရန်ကုန်မှာ ငလျင်လှုပ်ခတ်သွားပြီး ငလျင်လှုပ်ရှားမှုကို ရန်ကုန်မြို့နေ ပြည်သူအများ သိရှိခံစားလိုက်ကြရပါတယ်။

နိုင်ငံတကာငလျင်တိုင်းထွာရေးစခန်းတွေရဲ့ထုတ်ပြန်ချက်အရ ဒီနေ့မနက် ၇ နာရီခွဲခန့်မှာ လှိုင်မြို့နယ်ရဲ့အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်သွားတာပါ။

ငလျင်ရဲ့အင်အားကတော့ ရစ်ချ်တာစကေး ၃ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ ငလျင်ဖြစ်တယ်လို့သိရပါတယ်။

ဒီငလျင်လှုပ်ခတ်မှုကို လှိုင်မြို့နယ် ၊ မရမ်းကုန်း ၊ကမာရွတ် ၊ အင်းစိန် စတဲ့ မြို့နယ်တွေက ပြည်သူအများ သိသိသာသာခံစားလိုက်ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − YHT ဝက်ဆိုက်

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။