Connect with us

Hi, what are you looking for?

သတင်း

အာဆီယံခေါင်းဆောင်များကို သိက္ခာချသည့် စစ်ကောင်စီအား အဆက်အသွယ်ဖြတ်ရန် NUG တိုက်တွန်း

မကြာသေးမီက အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ၏ ငါးရက်ကြာ မြန်မာခရီးစဉ်အတွင်း စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သော်လည်း ရလဒ်မှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ လက်ချည်းဗလာဖြစ်ခဲ့ရသည်ဟု NUG က ဝေဖန်သည်။

(အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၁ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်​နေစဉ်၊ဓာတ်ပုံ - ရိုက်တာ)
(အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၁ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်​နေစဉ်၊ဓာတ်ပုံ - ရိုက်တာ)

▪️အာဆီယံအထူးကိုယ်စားလှယ်​၏ မြန်မာခရီးစဉ် လက်ချည်းဗလာဟုဆို

တရားမဝင်အာဏာသိမ်းစစ်ကောင်စီနှင့် အဆက် အသွယ်ဖြတ်ကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲဆောင်ရွက်ရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်သည်။

အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ၏ ဒုတိယအကြိမ် မြန်မာခရီးစဉ်အပြီး NUG ထုတ်ပြန်သော ယနေ့ ကြေညာချက်၌ အကြမ်းဖက်စစ်အာဏာရှင်များသည် အာဆီယံကို ပြက်ရယ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ရှိကြောင်းကို ရှင်းလင်းသိသာစွာ ကောက် ချက်ချနိုင်သည်ဟု ဖော်ပြသည်။

“အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသိအမှတ်ပြုခြင်းသည်ကျင့် ၀တ်ပိုင်းဆိုင်ရာ မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်ရုံသာမက နိုင်ငံရေးအရ လိမ္မာပါးနပ်သော လုပ်ဆောင်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အာဆီယံ၏ အကောင်းဆုံးသော အကျိုးစီးပွားလည်းဖြစ်ပါသည်” ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်လှသော အကြမ်းဖက်လုပ်ရပ်များကြောင့် ပေါ်ပေါက်လာရပြီး ဒေသအတွင်း၌ အန္တရာယ်ဖြစ်စေနိုင်သည့် များပြားလှသော အကျပ်အတည်းပြဿနာများကို အတူအတွ ကြိုးပမ်းဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ အာဆီယံဖိုရမ်များမှတစ်ဆင့်ဖြစ်စေ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် NUG က ကတိကဝတ်ပြုထားကြောင်း ထုတ်ပြန်သည်

Public Service Announcement

Public Service Announcement

ထို့အပြင် အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးဒေါ်ဇင်မာအောင် ထပ်လောင်းပြောကြားသည်။

မကြာသေးမီက အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ၏ ငါးရက်ကြာ မြန်မာခရီးစဉ်အတွင်း စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သော်လည်း ရလဒ်မှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ လက်ချည်းဗလာဖြစ်ခဲ့ရသည်ဟု NUG က ဝေဖန်သည်။

ထိုသို့ဖြစ်ခဲ့ရခြင်းသည် အာဆီယံ၏ တောင်းဆိုချက်တစ်ခုစီတိုင်းကို ပယ်ချကာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုအားလုံးကို စိတ်ပျက်စေရန် ရည်ရွယ်သည့် အကြမ်းဖက်စစ်အုပ်စု၏ ပုံဖော်ထားသည့် ပုံစံအတိုင်းပင်ဖြစ်ကြောင်း NUG က ဆိုသည်။

“လမ်းကြောင်းမှန်ပြင်ဆင်ချမှတ်နိုင်ခြင်း မပြုသေးခင်တွင် ရက်စက်ကြမ်းကြုတ်လှသည့် အကြမ်းဖက် စစ်အုပ်စု၏ အာဆီယံခေါင်းဆောင်များအပေါ် ဂုဏ်သိက္ခာချခြင်းလုပ်ရပ်များအား မည်မျှအထိ သည်းခံကြမည်နည်း”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က မေးခွန်းထုတ်သည်။

မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ မလေးရှားဝန်ကြီး Saifuddin Abdullah က မြန်မာနိုင်ငံအပေါ်တွင် “ဝင်ရောက်မစွက်ဖက်ရေး” မူဝါဒမှ “ဥပေက္ခာမပြုရေး” မူဝါဒတစ်ခုသို့ ပြောင်းလဲကျင့်သုံးရန် အာဆီယံထံ မှန်ကန်စွာ တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုမှုသည် အာဆီယံ၏ဂုဏ်သိက္ခာနှင့် အညီဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကထပ်လောင်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။