Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဥ်တစ်စီးကို မိုင်း ၁၅လုံးဖြင့် ​ဖောက်ခွဲတိုက်ခိုက်၊ စစ်​ကောင်စီတပ်သား ၁၀ဦးခန့်သေဟုဆို

ယင်းတိုက်ခိုက်မှုကို FRF(CHU)တပ်ရင်းနှင့် မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA- စစ်ကိုင်းခရိုင်တပ်ရင်း ၅)တို့မှ တိုက်ခိုက်ခဲ့ပြီး Zarmini MMU (စစ်ကိုင်းခရိုင် တပ်ရင်း ၁) နှင့် Chaung U Revolution Army (CRA-1)တို့မှ ကူညီပံ့ပိုးပေးခဲ့ကြောင်း အသိပေးသည်။

(FRF(CHU)မှ တီထွင်ထုတ်လုပ်ထားသော M 18 ခေါ်ပေါက်ကွဲအားပြင်း မိုင်းတစ်မျိုးအားတွေ့ရစဥ်)
(FRF(CHU)မှ တီထွင်ထုတ်လုပ်ထားသော M 18 ခေါ်ပေါက်ကွဲအားပြင်း မိုင်းတစ်မျိုးအားတွေ့ရစဥ်)

ချောင်းဦးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်တစ်စီးကို မဟာမိတ်ညီနောင်များပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF(CHU)က ယနေ့(ဇူလိုင် ၈) ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်က ချောင်းဦးမှထွက်လာသော အင်အား ၁၅ဦးခန့်ပါ စစ်ကောင်စီမှ ယာဥ်တစ်စီးကို ပဒေသာမိုင်း ၁၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Farmers Revolution Force FRF (CHU)အဖွဲ့တာဝန်ရှိသူက “ကားထဲမှာ ပြွတ်သိပ်ညပ်ပြီး လိုက်လာကြတယ်ပြောတယ်။ သူတို့ကလှည့်ကွက်လုပ်တာ။ ချောင်းဦးမြောက်ဘက်မှာ စစ်ဆေးတာတွေလုပ်ပြီး ဒီဘက်ထွက်လာတာ။ အကောင်ကြီးလည်းပါတယ်။ အရပ်ဝတ်တွေလည်းပါတယ်။ ကားကစုတ်ပြတ်သပ်သွားပြီး ငါးယှန်နားကျထိုးရပ်သွားတယ်။ ဖြစ်တဲ့နေရာက ချောင်းဦးနဲ့လည်းနီးတယ်။ ကင်းပုန်းတွေရှိတဲ့ကြားကနေ ခွဲရတာ”ဟု ပြောကြားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် တပ်သားများလိုက်ပါလာသည့် အန်စာတုံးအသေးကဲ့သို့သောယာဥ်အမျိုးအစား(5I -9446) အဖြူရောင်ယာဥ်စီးအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်မှ၁၀ဦးခန့်သေဆုံးသွားကြောင်းထုတ်ပြန်သည်။စစ်​ကောင်စီတပ်​သေဆုံးမှုအ​ရေအတွက်နှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

“အဲဒီကားက အကောင်းကြီး(အရာရှိ)တွေပါ ပါတဲ့ကားဗျ။ သေတဲ့အထဲလည်း သူတို့ပါကို ပါတယ်။ ခုချိန်ထိအဲဒီလမ်းမှာ စခတွေခြေရှုပ်နေတုန်းပဲ”ဟုFRF(CHU)မှခေါင်းဆောင်တစ်ဦးကပြောသည်။

၎င်းတို့ညီနောင်မဟာမိတ်တပ်ဖွဲ့များအသုံးပြုခဲ့သော ပဒေသာမိုင်းများ၏ ပေါက်ကွဲအားမှာ ပေ ၃၀၀ ဝန်းကျင်အထိ သက်ရောက်မှုရှိသောကြောင့် ကတ္တရာလမ်းပေါက်ပြဲသည့်အပြင် ကားမှာခါးလယ်နားမှနေ၍ပျက်စီးသွားကြောင်း အထက်ပါခေါင်းဆောင်ဖြစ်သူက ရှင်းပြသည်။

ယင်းတိုက်ခိုက်မှုကို FRF(CHU)တပ်ရင်းနှင့် မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA- စစ်ကိုင်းခရိုင်တပ်ရင်း ၅)တို့မှ တိုက်ခိုက်ခဲ့ပြီး Zarmini MMU (စစ်ကိုင်းခရိုင် တပ်ရင်း ၁) နှင့် Chaung U Revolution Army (CRA-1)တို့မှ ကူညီပံ့ပိုးပေးခဲ့ကြောင်း အသိပေးသည်။

ဇူလိုင် ၄ ရက်ကလည်း FRF(CHU)နှင့် ညီနောင်မဟာမိတ်များမှ ချောင်းဦးမြို့နယ် နတ်ရေကန်ရွာနှင့် ဂွေးပင်တောကျေးရွာကြားလမ်းပိုင်းတွင် ကင်းပုန်းဝပ်ပြီးပြန်လာသော စစ်ကောင်စီတပ်ကို လမ်းမှဖြတ်တိုက်ရာ ငါးဦးသေဆုံးခဲ့သည်။

ထိုအပြင်ဇူလိုင်လ၇ရက်ကလည်းမုံရွာ-မန္တလေးလမ်းတွင်မုံရွာ(နမခ)မှထွက်လာသောစစ်ကားနှစ်စီးကိုထီဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMUPDF)က ထုတ်ပြန်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။