Connect with us

Hi, what are you looking for?

သတင်း

ရဲဘော် ဇီးတူးကျဆုံးမှုတွင် သတင်းပေးခဲ့သည့် စစ်​ကောင်စီတပ်ထွက် ဒလန်တစ်ဦးကို လင်းယုန်တပ်ဖွဲ့ရှင်းလင်း

“ရဲဘော်(02)အတွက် အသက်သွေးကြေးပြန်တောင်းခဲ့သော ရွှေလက်ပိုက်ရှင်များလည်းလွတ်လပ်တဲ့နေရာတစ်ခုသို့ ရောက်ရှိပါကြောင်းအသိပေးအပ်ပါသည်”ဟု ဗိုလ်လင်း ယုန်တပ်ဖွဲ့က အသိပေးသည်။

ရဲဘော် ဇီးတူး
ရဲဘော် ဇီးတူး

မန္တ​လေးတိုင်း မတ္တရာ(ပကဖ)စခန်း စီးနင်းခံရမှုတွင် ကျဆုံးခဲ့ရသော ရဲဘော်ဇီးတူး ကျဆုံးမှုအပေါ်တုန့်ပြန်သည့်အနေဖြင့် စခန်းနေရာအားသတင်းပေးခဲ့သူ စစ်​ကောင်စီတပ်ထွက် ဒလန်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဗိုလ်လင်းယုန် ဒေသကာကွယ်ရေးပြောက်ကျားတပ်က ယနေ့(ဇူလိုင် ၈) အသိပေးထုတ်ပြန်သည်။

ပစ်ခတ်ရှင်းလင်းခံရသူမှာ ဇွန်လ ၃ ရက်က မတ္တရာ (ပကဖ)စခန်းအား စစ်ကောင်စီတပ်၏ စီးနင်းခံရမှုတွင် သတင်းပေးခဲ့သော စစ်တပ်ထွက် အောင်မင်းထွန်းကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့သည်ဟု ဖော်ပြ သည်။

အောင်မင်းထွန်းအား အသေးစိပ်စုံစမ်းရာ စဥ့်ကူးမြို့နယ်၊ ခတက်ချဥ်ကျေးရွာအရှေ့ဘက် လက်ပံတော သစ်တောဂိတ်၌ ရှိနေကြောင်းသိရသဖြင့် ယနေ့နံနက် ၁၁ နာရီခန့်က ယင်းဂိတ်သို့သွားရောက်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရဲဘော် ဇီးတူး
ရဲဘော် ဇီးတူး

“ရဲဘော်(02)အတွက် အသက်သွေးကြေးပြန်တောင်းခဲ့သော ရွှေလက်ပိုက်ရှင်များလည်းလွတ်လပ်တဲ့နေရာတစ်ခုသို့ ရောက်ရှိပါကြောင်းအသိပေးအပ်ပါသည်”ဟု ဗိုလ်လင်း ယုန်တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒလန်သတင်းပေးမှုဖြင့် စီးနင်းခံခဲ့ရသော မတ္တရာ (ပကဖ)စခန်း စီးနင်းခံရမှုတွင် သပိတ်ကျင်းအခြေစိုက် ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ဒုတိယခေါင်း ဆောင် ရဲဘော်ဇီးတူးသည် အခြားညီနောင်ရဲ ဘော်များ ဘေးလွတ်ရာရှောင်တိမ်းနိုင်ရန် အသက်စတေး၍ ခုခံတိုက်ခိုက်ခဲ့သော တော် လှန်ရေးအာဇာနည်တစ်ဦး ဖြစ်သည်။

တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြစွာကျဆုံးခဲ့သော် ရဲဘော်ဇီးတူးအား ကောင်းမွန်စွာသဂြိုဟ်ခြင်းနှင့် အမိန့်ပြန်တမ်းထုတ်ပြန်သည့်အခမ်း အနားကို ဇွန်လ ၉ ရက်က ကျင်းပခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။