Connect with us

Hi, what are you looking for?

သတင်း

KPICT နှင့် NUG ပူး​ပေါင်း၍ ကချင်​ဒေသတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်-SUMBU အသုံးပြုနိုင်​တော့မည်

“ကချင်ဘက်မှာ NUGPayကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်တော့မယ်။ မကြာခင် စစ်ကိုင်းနဲ့ ကရင်တို့လို ဒေသမျိုးမှာ သုံးနိုင်ရင် ပိုကောင်းလာမှာ”ဟု NUGPay ကိုယ်စားလှယ်တစ်ဦးကပြောသည်။

KPICT နှင့် NUG ပူး​ပေါင်း၍ ကချင်​ဒေသတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်-SUMBU အသုံးပြုနိုင်​တော့မည်
KPICT နှင့် NUG ပူး​ပေါင်း၍ ကချင်​ဒေသတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်-SUMBU အသုံးပြုနိုင်​တော့မည်

ကြားကာလကချင်နိုင်ငံရေးဦးဆောင်အဖွဲ့ KPICTနှင့် NUGတို့ ပူးပေါင်း၍ ကချင်ဒေသအတွင်း NUGPayကို ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ကပ်အဖြစ် စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု KPICTက သတင်းထုတ်ပြန်သည်။

ထိုအစီအစဉ်ကို SUMBU ဟူသော အမည်ဖြင့်တော်လှန်ပြည်သူများ လာဘ်လာဘတိုးပွားအောင်မြင်စေသည့်ဒစ်ဂျစ်တယ်အိတ်ကပ်အဖြစ် အသုံးပြုခြင်းဖြစ်သည်ဟု KPICTက ဆိုထားသည်။

SUMBUသည် ကချင်(ဂျိန်းဖော) ဘာသာစကားဖြင့် ပိုက်ဆံအိတ်/ အိတ်ကပ်ဟူ၍ အနက် အဓိပ္ပာယ်ရသည်။

“ကချင်ဘက်မှာ NUGPayကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်တော့မယ်။ မကြာခင် စစ်ကိုင်းနဲ့ ကရင်တို့လို ဒေသမျိုးမှာ သုံးနိုင်ရင် ပိုကောင်းလာမှာ”ဟု NUGPay ကိုယ်စားလှယ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရှေ့ပြေးစီမံကိန်းဖြစ်၍ ငွေသွင်း/ငွေထုတ် အခက်အခဲများရှိနေဆဲဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။ သို့သော်လည်း NUGPayဖြင့် ငွေလွှဲပြောင်းခြင်းနှင့် အလှူငွေလက်ခံခြင်းတို့ကို တော်လှန်ရေးအဖွဲ့က စတင်အသုံးပြုနေပြီဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည့် NUGPayကို ဇွန် ၃၀ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ ရှေ့ပြေးစီမံကိန်းအနေဖြင့် သုံးဆွဲသူ အယောက် တစ်သောင်းပြည့်မှီအောင် ဆောင်ရွက်သွားမည်ဟု NUGPayက ထုတ်ပြန်ထားသည်။

NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုလိုသူများသည် NUGPay အကောင့်ဖွင့်ရမည်ဖြစ်သည်။ ဖွင့်လှစ်ရာတွင် NUGPayကိုယ်စားလှယ်ထံမှ တခါသုံးလျှိဝှက်စာ(Code)တစ်ခုကိုကျပ်တစ်သောင်းဖြင့် ဝယ်ယူရမည်ဖြစ်သည်။ ထိုကုတ်ကို အသုံးပြုပြီးဖွင့်လှစ်ရမည်ဖြစ်ပြီး အကောင့်ဖွင့်လှစ်ပြီးလျှင် အကောင့်ဖွင့်ခ ကျပ် ၃၀၀၀ ကုန်ကျမည်ဖြစ်သည်။ NUGPayမိုဘိုင်းပိုက်ဆံအိတ်ထဲတွင်အနည်းဆုံးကျပ် ၇၀၀၀ ရရှိမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။