Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KPICT နှင့် NUG ပူး​ပေါင်း၍ ကချင်​ဒေသတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်-SUMBU အသုံးပြုနိုင်​တော့မည်

“ကချင်ဘက်မှာ NUGPayကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်တော့မယ်။ မကြာခင် စစ်ကိုင်းနဲ့ ကရင်တို့လို ဒေသမျိုးမှာ သုံးနိုင်ရင် ပိုကောင်းလာမှာ”ဟု NUGPay ကိုယ်စားလှယ်တစ်ဦးကပြောသည်။

KPICT နှင့် NUG ပူး​ပေါင်း၍ ကချင်​ဒေသတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်-SUMBU အသုံးပြုနိုင်​တော့မည်
KPICT နှင့် NUG ပူး​ပေါင်း၍ ကချင်​ဒေသတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်-SUMBU အသုံးပြုနိုင်​တော့မည်

ကြားကာလကချင်နိုင်ငံရေးဦးဆောင်အဖွဲ့ KPICTနှင့် NUGတို့ ပူးပေါင်း၍ ကချင်ဒေသအတွင်း NUGPayကို ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ကပ်အဖြစ် စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု KPICTက သတင်းထုတ်ပြန်သည်။

ထိုအစီအစဉ်ကို SUMBU ဟူသော အမည်ဖြင့်တော်လှန်ပြည်သူများ လာဘ်လာဘတိုးပွားအောင်မြင်စေသည့်ဒစ်ဂျစ်တယ်အိတ်ကပ်အဖြစ် အသုံးပြုခြင်းဖြစ်သည်ဟု KPICTက ဆိုထားသည်။

SUMBUသည် ကချင်(ဂျိန်းဖော) ဘာသာစကားဖြင့် ပိုက်ဆံအိတ်/ အိတ်ကပ်ဟူ၍ အနက် အဓိပ္ပာယ်ရသည်။

“ကချင်ဘက်မှာ NUGPayကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်တော့မယ်။ မကြာခင် စစ်ကိုင်းနဲ့ ကရင်တို့လို ဒေသမျိုးမှာ သုံးနိုင်ရင် ပိုကောင်းလာမှာ”ဟု NUGPay ကိုယ်စားလှယ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရှေ့ပြေးစီမံကိန်းဖြစ်၍ ငွေသွင်း/ငွေထုတ် အခက်အခဲများရှိနေဆဲဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။ သို့သော်လည်း NUGPayဖြင့် ငွေလွှဲပြောင်းခြင်းနှင့် အလှူငွေလက်ခံခြင်းတို့ကို တော်လှန်ရေးအဖွဲ့က စတင်အသုံးပြုနေပြီဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည့် NUGPayကို ဇွန် ၃၀ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ ရှေ့ပြေးစီမံကိန်းအနေဖြင့် သုံးဆွဲသူ အယောက် တစ်သောင်းပြည့်မှီအောင် ဆောင်ရွက်သွားမည်ဟု NUGPayက ထုတ်ပြန်ထားသည်။

NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုလိုသူများသည် NUGPay အကောင့်ဖွင့်ရမည်ဖြစ်သည်။ ဖွင့်လှစ်ရာတွင် NUGPayကိုယ်စားလှယ်ထံမှ တခါသုံးလျှိဝှက်စာ(Code)တစ်ခုကိုကျပ်တစ်သောင်းဖြင့် ဝယ်ယူရမည်ဖြစ်သည်။ ထိုကုတ်ကို အသုံးပြုပြီးဖွင့်လှစ်ရမည်ဖြစ်ပြီး အကောင့်ဖွင့်လှစ်ပြီးလျှင် အကောင့်ဖွင့်ခ ကျပ် ၃၀၀၀ ကုန်ကျမည်ဖြစ်သည်။ NUGPayမိုဘိုင်းပိုက်ဆံအိတ်ထဲတွင်အနည်းဆုံးကျပ် ၇၀၀၀ ရရှိမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။