Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် စစ်ရှောင်ပြည်သူများထောက်ပံ့မည့် NUG Pay ဖြင့်ငွေပေးချေ နိုင်သော ထမင်းဆိုင် ဖွင့်မည်

“ခင်ရာဆွေ”ဆိုင်၌ မြန်မာထမင်းဟင်းများအပြင် ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ အမဲသားခြောက်၊ ဝက်သားကြော်နှင့်ဝက်သားတုတ်ထိုးများရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

"ခင်ရာဆွေ" ထမင်းဆိုင်
"ခင်ရာဆွေ" ထမင်းဆိုင်

ကရင်နီ(ကယား)ပြည်နယ်၌ NUGPay ဖြင့်ငွေပေးချေနိုင်သော စစ်ရှောင် ပြည်သူများအတွက် ထောက်ပံ့မည့် ပထမဆုံးထမင်းဆိုင်ကို မကြာမီဖွင့်လှစ် မည်ဟု ဒေသခံသတင်းရင်းမြစ် Karen ni’s Voiceက ထုတ်ပြန်သည်။

အဆိုပါထမင်းဆိုင်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင် ဖွင့်လှစ်မည့်ဖြစ်ပြီး “ခင်ရာဆွေ”ဟု အမည်ပေးထားကြောင်း ဖော်ပြသည်။

"ခင်ရာဆွေ" ထမင်းဆိုင်
“ခင်ရာဆွေ” ထမင်းဆိုင်

“ဒီထမင်းဆိုင်မှာ စစ်ရှောင်ပြည်သူများကိုယ်တိုင်ပဲ လုပ်အားပေးအဖြစ် ဝိုင်းဝန်းရောင်းချကြမှာ ဖြစ်သလိုရရှိလာတဲ့ အကျိုးအမြတ်တွေကို လည်းဒေသတွင်းက စစ်ရှောင်ပြည်သူများကို ထောက်ပံ့နိုင်ရေးအတွက်ပဲ ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်”ဟု ခင်ရာဆွေထမင်းဆိုင်ကို စီစဉ်သူတစ်ဦးက ပြောသည်။

"ခင်ရာဆွေ" ထမင်းဆိုင်
“ခင်ရာဆွေ” ထမင်းဆိုင်

“ခင်ရာဆွေ”ဆိုင်၌ မြန်မာထမင်းဟင်းများအပြင် ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ အမဲသားခြောက်၊ ဝက်သားကြော်နှင့်ဝက်သားတုတ်ထိုးများရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

NUG Pay စတင်အသုံးပြုနိုင်ပြီးနောက် ကရင်နီဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့ အသီးသီးကလည်း ၎င်းတို့ထံသို့ NUG Pay ဖြင့် ထောက်ပံ့နိုင်ပြီဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။