စက်တင်ဘာ -၁၉၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဌ နေရာအတွက် အမျိုးသမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှုဆောင်အဖွဲ့ကို ဒီကနေ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။
ဒီကနေ့ (စက်တင်ဘာ ၁၉ရက်) ပြုလုပ်တဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (၂၇) ကြိမ်မြောက် အပတ် စဉ်ပုံမှန်အစည်းအဝေးမှာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လစ်လပ်တဲ့ ဥက္ကဋ္ဌနေရာအပြင် ကောင်စီရဲ့ အလုပ် အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
လစ်လပ်နေတဲ့ ဥက္ကဌနေရာကို ကရင်နီပြည်အမျိုးသမီးများအင်အားစုက မူအန်းဂျာလာရွေးချယ်ခံရပြီ ဒု-ဥက္ကဋ္ဌ က ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ခူးထဲဘူး ဖြစ်လာပါတယ်။

Public Service Announcement
ဒါ့အပြင် အထွေထွေအတွင်းရေးမှူးအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုကဆိုဖီယာဒေးမြာ၊တွဲဖက်အတွင်းရေးမှူးအဖြစ်ကရင်နီပြည်လူငယ်အင်အားစုက ခိုးလ်ပက်ထရစ်က ရွေးချယ်ခံရပါတယ်။
အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာတွေမှာ ကရင်နီပြည်ကြားကာလလွှတ်တော်က အယ်ဗလင်း၊ ဦးဌေးအောင်နဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့က စောကလိုမှူးတို့ ကိုရွေးချယ်တာဝန်ပေးပါတယ်။
ကရင်နီ အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် ဥက္ကဌနေရာနဲ့ အလုပ်အမှုဆောင် အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
“အမျိုးသမီးနဲ့လူငယ်တွေကိုဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရွေးချယ်ကြတဲ့အတွက် ဂုဏ်ယူပါတယ်”လို့ ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ တာ၀န်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေကို ဦးဆောင်ခွင့် အခန်းကဏ္ဍမှာ ချန်လှပ်မထားတဲ့အတွက်လည်း ၀မ်းသာကြောင်း သူက ဆိုပါတယ်။
“မူအန်းဂျလာက အခုမတိုင်ခင် KSCC ရဲ့နောက်ဆုံး အကြိမ်ညီလာခံမှာ တွဲဖက်အတွင်းရေးမှူး နဲ့ တာ၀န်ယူခဲ့သူပါ။အဲဒီမတိုင်ခင်ကလည်းသူကအမျိုးသမီးနဲ့ လူငယ်သမဂ္ဂ အဖွဲ့အစည်းတွေ မှာ အထွေထွေအတွင်း ရေးမှူးအနေနဲ့ဆောင်ရွက်ခဲ့သူဖြစ်တယ်”လို့ ကရင်နီပြည်နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၂၁ ဧပြီမှာကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဖွဲ့စည်းခဲ့ပါတယ်။
KSCC ကနေ ပြည်နယ်ရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင်အထည်ဖော်နေပါတယ်။လက်ရှိ ကရင်နီပြည်နယ်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဟာ KSCCကအကောင်အထည်ဖော်ထားတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။



















































