ကရင်နီ(ကယား)ပြည်နယ်၌ NUGPay ဖြင့်ငွေပေးချေနိုင်သော စစ်ရှောင် ပြည်သူများအတွက် ထောက်ပံ့မည့် ပထမဆုံးထမင်းဆိုင်ကို မကြာမီဖွင့်လှစ် မည်ဟု ဒေသခံသတင်းရင်းမြစ် Karen ni’s Voiceက ထုတ်ပြန်သည်။
အဆိုပါထမင်းဆိုင်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင် ဖွင့်လှစ်မည့်ဖြစ်ပြီး “ခင်ရာဆွေ”ဟု အမည်ပေးထားကြောင်း ဖော်ပြသည်။
!["ခင်ရာဆွေ" ထမင်းဆိုင်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/07/293412173_421501163372675_4300252635372366345_n.png?resize=880%2C587&ssl=1)
“ဒီထမင်းဆိုင်မှာ စစ်ရှောင်ပြည်သူများကိုယ်တိုင်ပဲ လုပ်အားပေးအဖြစ် ဝိုင်းဝန်းရောင်းချကြမှာ ဖြစ်သလိုရရှိလာတဲ့ အကျိုးအမြတ်တွေကို လည်းဒေသတွင်းက စစ်ရှောင်ပြည်သူများကို ထောက်ပံ့နိုင်ရေးအတွက်ပဲ ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်”ဟု ခင်ရာဆွေထမင်းဆိုင်ကို စီစဉ်သူတစ်ဦးက ပြောသည်။
!["ခင်ရာဆွေ" ထမင်းဆိုင်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/07/293117505_421501236706001_3565451306746632380_n.png?resize=880%2C587&ssl=1)
“ခင်ရာဆွေ”ဆိုင်၌ မြန်မာထမင်းဟင်းများအပြင် ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ အမဲသားခြောက်၊ ဝက်သားကြော်နှင့်ဝက်သားတုတ်ထိုးများရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
NUG Pay စတင်အသုံးပြုနိုင်ပြီးနောက် ကရင်နီဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့ အသီးသီးကလည်း ၎င်းတို့ထံသို့ NUG Pay ဖြင့် ထောက်ပံ့နိုင်ပြီဟု ကြေညာထားသည်။
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)