Connect with us

Hi, what are you looking for?

News

၁၁လသားက​လေးငယ် ​သေနတ်ဖြင့်ပစ်ခံရ၍ ​သေဆုံးခြင်းမှာစစ်​ကောင်စီတပ်လက်ချက်ဟု မြင်းခြံလူထုလှုပ်ရှားမှု​ကော်မတီထုတ်ပြန်

စစ်​ကောင်စီဘက်မှ ​ပြောကြားချက်များ၊ထုတ်ပြန်ချက်များဖြင့် အဓိက​ရေးသား​နေ​သော VOM သတင်းဌာနကမူ က​လေးနှင့်မိသားစုကို မုန့်ဟင်းခါးလာဝယ်သူနှစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း​ရေး သားထားသည်။

မြင်းခြံမြို့တွင် ယနေ့နံနက်ပိုင်းက ၁၁လသားအရွယ်ကလေးငယ် ​သေနတ်ကျည်ထိ့မှန် သေဆုံးရခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

သြဂုတ်၁၂ရက် နံနက်၆နာရီ၃၀မိနစ်ခန့်က မြင်းခြံ အမှတ်(၄)ရပ်ကွက်၌ သေနတ်ပစ်ခတ်ခံရ၍ ၁၁လအရွယ်ကလေး နဖူးနှင့်ရင်ဘတ်ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း၊ ဖြစ်စဉ်ဖြစ်ခဲ့သည့်လမ်းသည် အရှေ့-အနောက်အဖြောင့်လမ်းဖြစ်ပြီး သေဆုံးသူကလေးနှင့်မိသားစုနေထိုင်သည့်အိမ်၏ အနောက်ဖက်သုံးအိမ်‌အကွာ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းထွန်းဦး၏ နေအိမ်ရှိကြောင်း၊ ၎င်းအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းနေထိုင်ကြပြီး ဦးထွန်းထွန်းဦးမှာ အပြင်းဖျားနေပြီး သက်သာကာစဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာအချိန်ကအိတ်ဇောပွင့်နေသည့် အသံကျယ်ဆိုင်ကယ်တစ်စီး ဦးထွန်းထွန်းဦး နေအိမ်ရှေ့မှဖြတ်မောင်းသွား၍ နေအိမ်အတွင်းမှ စစ်သားများက ထွက်၍ သေနတ်​ဖြင့် ရမ်းပစ်ခဲ့ကြကြောင်း၊ အပစ်ခံရသည့် ကလေးနှင့်မိသားစုနေအိမ်မှာ အရှေ့အနောက်အဖြောင့်လမ်း လမ်းမြောက်ဖက်ခြမ်း နေအိမ်ခြံဝန်းပေါက် တောင်ဘက်လှည့်ထားသည့်အနေအထားဖြစ်ပြီး ကလေးချီနေသည့်ကိုငြိမ်းချမ်းမှာ ညာဖက်လက်မောင်း ဘေးဖက်တည့်တည့်မှ သေနတ်ကျည်ထိမှန်ခဲ့၍ ကလေးငယ်မှာနဖူးနှင့်ဝမ်းဗိုက်ထိမှန်သေဆုံးပြီး လမ်းဖြတ်သွားသည့်အမျိုးသမီးတစ်ဦးမှာလည်း ပေါင်ကို ကျည်ရှပ်ထိမှန်ခဲ့ကြောင်း၊ ပစ်ခတ်ခံရ၍ ကလေးငယ်သေဆုံးသည့်ဖြစ်စဉ်ဖြစ်ပြီးနာရီပိုင်းအကြာတွင် စစ်ကောင်စီလော်ဘီများမှ ပစ်ခတ်ခံရသည့်ပုံနှင့်တကွ ပြောက်ကြား အဖွဲ့များကပစ်ခဲ့သယောင် ဝါဒဖြန့် Postများ ဖေ့စ်ဘွတ်ခ်တွင် တင်ထားကြသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ နေအိမ်အတွင်းမျက်ကွယ်မှထွက်၍ စဥ်းစားဆင်ခြင်ဉာဏ်မရှိ ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရခြင်းဖြစ်ပြီး သတင်းမှားများကို သတိပြုပေးကြရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

“ကလေးအဖေက အထည်တွေရောင်းတာ။ ဒီအခေါ်တော့ ပုံပုံသည်ပေါ့။ သူက NLD ထောက်ခံတဲ့သူပါ။ ပါတီဝင်တော့မဟုတ်ဘူး”ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

စစ်​ကောင်စီဘက်မှ ​ပြောကြားချက်များ၊ ထုတ်ပြန်ချက်များဖြင့် အဓိက​ရေးသား​နေ​သော VOM သတင်းဌာနကမူ က​လေးနှင့်မိသားစုကို မုန့်ဟင်းခါးလာဝယ်သူနှစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း​ရေး သားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook