Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးပြန်လွှတ်ပေးဖို့ အီးယူအကြီးအကဲတောင်းဆို

Borrell ဟာ အာဆီယံကခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မနေ့က ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်မှာ တွစ်တာစာမျက်နှာကနေ ထုတ်ပြန်အသိပေးတာဖြစ်ပါတယ်။

ဓာတ်ပုံ - Josep Borrell Fontelles/twitter

အကြမ်းဖက်မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂဒုတိယဥက္ကဌ Josep Borrell က မနေ့က တိုက်တွန်း​တောင်းဆိုလိုက်ပါတယ်။

ဥရောပသမဂ္ဂရဲ့နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ မဟာမင်းကြီးလည်းဖြစ်တဲ့ Josep Borrell ဟာ အာဆီယံကခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မနေ့က ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်မှာ တွစ်တာစာမျက်နှာကနေ ထုတ်ပြန်အသိပေးတာဖြစ်ပါတယ်။

“အကြမ်းဖက်မှုကို ရပ်တန့်ရပါမယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ချက်ချင်းလွှတ်ပေးရပါမယ်။ လူသားချင်းစာနာမှုဆိုင်ရာရရှိဖို့ အာမခံရပါမယ်။ နောက်ပြီး ဒီမိုကရေစီနည်းကျနိုင်ငံတည်ထောင်ဖို့ စစ်မှန်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဖြစ်စဉ် လုပ်ဆောင်ရပါမယ်” လို့ Josep Borrell က ဆိုပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာပြည်သူလူထုဘက်မှ ခိုင်မာပြတ်သားစွာ ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာဖို့ ကြိုးပမ်းရာမှာ အာဆီယံရဲ့ အခြားမိတ်ဖက်တွေနဲ့ ပူးပေါင်းကာ အထူးကိုယ်စားလှယ်ကို ကူညီပံ့ပိုးပေးဖို့ အသင့်ရှိတယ်လို့ ဒီလဆန်း ပိုင်းမှာထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံနဲ့ အထူးကိုယ်စားလှယ်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားများ၊ အခြားသော ဒီမိုကရေစီလိုလားသူအင်အားစုများအပါအဝင် ပတ်သက်ဆက်နွှယ်သူအားလုံးနဲ့အတူ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးနှီးနှောဆွေးနွေးမှု ပြုလုပ်ခြင်းက အခရာကျတယ်လို့ အီးယူက ထောက်ပြတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။