အောက်တိုဘာ-၂၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။
စက်လှေနဲ့သွားရောက်တဲ့ကူညီကယ်ဆယ်ရေးအဖွဲ့ကိုထားဝယ်မြစ်ဝနဲ့ဆက်စပ်တဲ့နေရာမှာမနက်၁၀နာရီခွဲခန့်ကဖမ်းဆီးသွားတာလို့ လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။
“ဖမ်းသွားတာဟုတ်တယ်။ကျွန်မတို့ကစိတ်ပူနေပြီ။ကျောက်နီမော်မှာအကူအညီတွေအရမ်းလိုလို့ သွားကြတာ။အခုဆို တခြားလူမူရေးအဖွဲ့တွေလည်းနောက်ကြောင်းကိုပြန်ခေါက်နေရတယ်”လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
ဖမ်းဆီးခံရတဲ့လူမှုရေးအဖွဲ့အမည်နဲ့ အရေအတွက်ကိုလတ်တလောမှာပြောပြလိုခြင်းမရှိသေးဘူးလို့၎င်းကပြောပါတယ်။စစ်ကောင်စီကသရက်ချောင်းမြို့နယ်ထဲမှာလည်းလူမှုကူညီအဖွဲ့တွေကို ဖိအားပေးစစ်ဆေးနေလို့ နောက်ပြန်လှည့်ရတဲ့အဖွဲ့တွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။လတ်တလောမှာ ဖမ်းဆီးခံထားရတဲ့အဖွဲ့နဲ့ ပတ်သက်တဲ့အချက်အလက်အသေးစိပ်ကိုတော့မသိရသေးပါဘူး။
တနင်္သာရီတိုင်းစစ်ဌာန ၊နည်းဗျူဟာ(၃၃)၊ဗျူဟာမှုးစောဒါးကိုကလည်း “တောကျဲဘက်ကနေဆင်းပြီးလောင်းလုံမြို့နယ်၊ကျောက်နီမော်ဖက်လှေနဲ့သွားတဲ့ကယ်ဆယ်ရေးအဖွဲ့ကိုရေတပ်စစ်သဘော်မှပစ်ခတ်ပြီးကယ်ဆယ်ရေးအဖွဲ့ကိုဖမ်းဆီးထားတယ် .2.9.2026 ။ 11:00 am”လို့ လူမှုကွန်ရက်မှာရေးထားထားပါတယ်။
တနင်္သာရီတိုင်းအတွင်းထိုင်းနိုင်ငံဖက်ကလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာဘေးကြုံတွေ့ခဲ့တာပါ။လောင်းလုံးနဲ့သရက်ချောင်းမြို့ဟာရေဘေးနဲ့မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့်ထားဝယ်ဒေသတစ်ခုလုံးမှာစုစုပေါင်း
၃၂ ဦးသေဆုံးကြောင်းအတည်ပြုထားနိုင်ပြီးလူနေအိမ်နဲ့ဘာသာရေးအဆောက်အဦးတွေအပါအဝင်အဆောက်အဦးပေါင်း(၃၀၀)ဝန်းကျင်၊ငါးဖမ်းလှေအစီးရေ (၅၀)ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။အပျက်အစီးစာရင်းဆက်လက်တိုးလာနိုင်ပြီးဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိရေဘေးကြုံတဲ့ဒေသတွေဟာ စစ်ကောင်စီက မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီးပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။
ရေဘေးနဲ့ မြေပ်ြိမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်ကောင်စီတပ်တွေကပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က အောက်တိုဘာလ ၁ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ဘေးသင့်ဒေသတွေဆီ အနယ်နယ် အရပ်ရပ်မှ ပရဟိတအဖွဲ့တွေ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ထောက်ပံ့မှုပြု
လုပ်ပေးနေတဲ့ ပြည်သူ့အဖွဲ့အစည်းတွေက ကုန်းလမ်း၊ ရေလမ်းနဲ့ ဝင်ရောက်ကူညီစောင့်ရှောက်ပေးနေကြောင်းနဲ့ လာရောက်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အလံဖြူထောင်ပြီးသွားလာကြဖို့စစ်ကောင်စီကဖိအားပေးထားပြီးပြည်သူအသွင်ယူစိမ့်ဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိဒေသတွင်းလုံခြုံရေးအခြေအနေတွေကြောင့်ဘေးသင့်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးမှာအခက်အခဲတွေကြုံတွေ့နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့အချို့ကပြောပါတယ်။



















































