Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ချခံရသူတွေ တရားလက်လွတ်သတ်ဖြတ်ခံရမယ့်အလားအလာရှိနေ

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို တရားလက်လွတ် ဒီလိုစီရင်လိုက်တာဟာ နောက်ထပ်အလားတူ သေဒဏ်ကျခံရသူတွေအတွက်လည်း စိုးရိမ်စရာတွေဖြစ်လာပါတယ်။

AAPP
AAPP

နှစ်ပေါင်း ၃၀ ကျော်အတွင်း နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံရသူ ၄ ဦးကို ပထမဆုံးအကြိမ်သေဒဏ်စီရင်ပြီးနောက် စစ်ကောင်စီဖမ်းဆီးသေဒဏ်ချခံထားရသူတွေအတွက်စိုးရိမ်စရာဖြစ်လာပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်လို့ ဖမ်းဆီးခံရပြီး အကျဉ်းထောင်အသီးသီးမှာ သေဒဏ်ချခံရသူဟာ ဒီနေ့အချိန်ထိ ၇၂ ဦးထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရသိရပါတယ်။

စစ်အုပ်စုက သေဒဏ်ကို စတင်အကောင်အထည်ဖော်လာတဲ့အတွက် အဲဒီ ၇၂ ဦးလည်း တရားလက်လွတ်ထပ်မံကွပ်မျက်ခံရမယ့်အလားအလာတွေရှိနေတယ်လို့ AAPP က သတိပေးထားပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ သေဒဏ်စီရင်မှုတွေကိုဆိုင်းငံ့ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုလှမျိုးအောင် ၊ကိုအောင်သူရဇော်တို့ ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ခုအချိန်ထိတော့ သေဒဏ်စီရင်ပြီးဖြစ်တဲ့ တိကျတဲ့အထောက်အထားမှတ်တစ်စုံတစ်ရာထုတ်ပြန်တာမျိုးတော့ မရှိသေးသလို ကာယကံရှင်မိသားစုတွေကို ရုပ်အလောင်းပြန်ပေးဖို့လည်း ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ ဆယ်စုနှစ် ၃ ခုကျော်ကြာ ပြည်တွင်းမှာ ဆိုင်းငံ့ထားတဲ့ သေဒဏ်စီရင်မှုကို စစ်ကောင်စီကအသက်ပြန်သွင်းလာတာလည်းဖြစ်ပါတယ်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို တရားလက်လွတ် ဒီလိုစီရင်လိုက်တာဟာ နောက်ထပ်အလားတူ သေဒဏ်ကျခံရသူတွေအတွက်လည်း စိုးရိမ်စရာတွေဖြစ်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။