Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သေဒဏ်ချခံရသူတွေ တရားလက်လွတ်သတ်ဖြတ်ခံရမယ့်အလားအလာရှိနေ

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို တရားလက်လွတ် ဒီလိုစီရင်လိုက်တာဟာ နောက်ထပ်အလားတူ သေဒဏ်ကျခံရသူတွေအတွက်လည်း စိုးရိမ်စရာတွေဖြစ်လာပါတယ်။

AAPP
AAPP

နှစ်ပေါင်း ၃၀ ကျော်အတွင်း နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံရသူ ၄ ဦးကို ပထမဆုံးအကြိမ်သေဒဏ်စီရင်ပြီးနောက် စစ်ကောင်စီဖမ်းဆီးသေဒဏ်ချခံထားရသူတွေအတွက်စိုးရိမ်စရာဖြစ်လာပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်လို့ ဖမ်းဆီးခံရပြီး အကျဉ်းထောင်အသီးသီးမှာ သေဒဏ်ချခံရသူဟာ ဒီနေ့အချိန်ထိ ၇၂ ဦးထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရသိရပါတယ်။

စစ်အုပ်စုက သေဒဏ်ကို စတင်အကောင်အထည်ဖော်လာတဲ့အတွက် အဲဒီ ၇၂ ဦးလည်း တရားလက်လွတ်ထပ်မံကွပ်မျက်ခံရမယ့်အလားအလာတွေရှိနေတယ်လို့ AAPP က သတိပေးထားပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ သေဒဏ်စီရင်မှုတွေကိုဆိုင်းငံ့ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုလှမျိုးအောင် ၊ကိုအောင်သူရဇော်တို့ ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ခုအချိန်ထိတော့ သေဒဏ်စီရင်ပြီးဖြစ်တဲ့ တိကျတဲ့အထောက်အထားမှတ်တစ်စုံတစ်ရာထုတ်ပြန်တာမျိုးတော့ မရှိသေးသလို ကာယကံရှင်မိသားစုတွေကို ရုပ်အလောင်းပြန်ပေးဖို့လည်း ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ ဆယ်စုနှစ် ၃ ခုကျော်ကြာ ပြည်တွင်းမှာ ဆိုင်းငံ့ထားတဲ့ သေဒဏ်စီရင်မှုကို စစ်ကောင်စီကအသက်ပြန်သွင်းလာတာလည်းဖြစ်ပါတယ်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို တရားလက်လွတ် ဒီလိုစီရင်လိုက်တာဟာ နောက်ထပ်အလားတူ သေဒဏ်ကျခံရသူတွေအတွက်လည်း စိုးရိမ်စရာတွေဖြစ်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် တိုင်းဗဟို(၉)ဟုခေါ်ဆိုသည့် အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် လမ်းတွင်​​တွေ့​​သောပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီး၍ ၎င်းတို့ထဲမှ လူငယ်များကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်သူများကိုလည်း နှိပ်စက်ကာ သတ်ဖြတ်ရန် စီစဉ်​နေစဥ် ရက္ခိုင့်တပ်တော်(AA)က ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ အချို့က ပြောကြားသည်။ တိုင်းဗဟို(၉)အပါအဝင်...

သတင်း

အောင်ဆုဗွေစခန်း၌ ဆေးဖြတ်နေသူ များအား စစ်ကောင်စီက သတ်ဖြတ်မှုကို ကြားသိရပြီး ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၊အသတ်ခံရသူမှာ ၁၂ ဦးမကဘဲ ၁၂၀ ဦးရှိ​ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။