Connect with us

Hi, what are you looking for?

သတင်း

ချင်းသင်းအုပ်ဆရာကို မြန်မာစစ်တပ် သတ်ဖြတ်ခဲ့ကြောင်း BRI ထုတ်ပြန်

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သြဂုတ် – ၂၉ ၊၂၀၂၆

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက ချွန်ကျုံးကျေးရွာ နှစ်ခြင်း ခရစ်ယာန် အသင်းတော်ရဲ့ သိက္ခတော်ရ အကြီးတန်း သင်းအုပ် ဆရာတော် ဝီလျံဟာ ချင်းရွာသား တစ်ဦးနဲ့အတူ ဇွန်လဆန်းမှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီး သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း BRI ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

သင်းအုပ်ဆရာ ဝီလျံအတွက် အောက်မေ့တသမှု နာရေးအစီအစဉ်ကို ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ချွန်ကျုံး ကျေးရွာမှာ ကျင်းပခဲ့ပြီး ဟားခါးမြို့က သင်းအုပ်ဆရာတွေ၊ ဒေသခံတွေ၊ ရွာသူရွာသားတွေ တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကွယ်လွန်သူဟာ အကြီးတန်း သင်းအုပ်ဆရာအဖြစ် ၂၅ နှစ်ကြာ သာသနာ့တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး ဇနီးနဲ့ သားသမီး ၅ ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။ မိသားစု၊ အသင်းတော်၊ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ချင်းညီအစ်ကို မောင်နှမတွေ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ ဒီဖြစ်ရပ်ဟာ မျှတတဲ့ တရားစီရင်မှု မဟုတ်တဲ့ တရားလက်မဲ့ သတ်ဖြတ်မှု တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ အခုလုပ်ရပ် ကျူးလွန်သူတွေကို တာဝန်ယူ၊ တာဝန်ခံမှု ရှိလာအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုကြောင်း BRI ဘုတ်အဖွဲ့ ဥက္ကဋ္ဌနဲ့ အမေရိကန် နှစ်ချင်း ဘုရားကျောင်းများ တွဲဖက် အထွေထွေ အတွင်းရေးမှူးဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ရိုဘင်း စတုပ်စ်က ပြောပါတယ်။

ပဲခူးမြို့ အခြေစိုက် အမှတ် ၇၇ ခြေလျင်တပ်မ လက်အောက်ခံ စစ်သားတွေဟာ ချွန်ကျုံးရွာနဲ့ တစ်မိုင်ခန့်အကွာ လယ်တောတစ်ခုမှာ သင်းအုပ်ဆရာ ဝီလျံနဲ့ ရွာသား နမ်ချူတို့ကို ဖမ်းမိခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့ ဖြစ်စဉ်မှာ စစ်သားတွေ ရောက်လာချိန် လယ်တဲထဲ ရှိနေသူ ၅ ယောက်အနက် ၃ ယောက်က ထွက်ပြေး လွတ်မြောက်သွားပါတယ်။ သင်းအုပ်ဆရာ ဝီလျံကတော့ သူ့ရဲ့ သာသနာ့ဝန်ထမ်း ကတ်ပြား ရှိနေတာကြောင့် ဖြေရှင်းနိုင်မယ်လို့ ယူဆပြီး ထွက်မပြေးခဲ့ပါဘူး။

သင်းအုပ်ဆရာနဲ့ ချင်းရွာသားတို့ဟာ ဗိုလ်မှူးကြီး လွှမ်းမိုးနိုင်ဆိုတဲ့ စစ်တပ် အရာရှိရဲ့ ထိန်းသိမ်းမှု အောက်မှာ ရှိနေခဲ့ပြီး ဇွန်လဆန်းထိ ချင်းပြည်နယ်မှာ အသက်ရှင်နေခဲ့သေးတယ်လို့ ယုံကြည်ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးမြို့ အခြေစိုက် သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။ သင်းအုပ်ဆရာ ဝီလျံနဲ့ နမ်ချူတို့ဟာ ဇွန်လ ၂ ရက်နေ့က ဟားခါးမှာ၊ ၃ ရက်နေ့က ထန်တလန်မှာ အဲဒီ စစ်အရာရှိနဲ့အတူ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဇွန်လ ၄ ရက်နေ့မှာတော့ သင်းအုပ်ဆရာ ဝီလျံရော၊ နမ်ချူပါ အသတ်ခံလိုက်ရတယ်လို့ အသင်းတော်နဲ့ မိသားစုက ယူဆထားပါတယ်။ သူတို့ဟာ ချင်းပြည် ကာကွယ်ရေးတပ် (CDF)ကို ထောက်ခံ အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် သတ်ဖြတ် ခံခဲ့ရတာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အသင်းတော်နဲ့ ဟားခါးအခြေစိုက် ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သင်းအုပ်ဆရာရဲ့ သတင်းကို အကြိမ်ကြိမ် စုံစမ်းပေမယ့် စစ်တပ်ဖက်က လုံးဝ အကြောင်းမပြန်ခဲ့ပါဘူး။

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးနဲ့ ၁၅ မိုင်လောက် အကွာမှာ တည်ရှိတဲ့ ချွန်ကျုံးရွာမှာ အိမ်ခြေ ၃၀၀ လောက် ရှိပါတယ်။ ပြီးတော့ ဟားခါးကို မြန်မာစစ်တပ် ချီတက်သွားလာတဲ့ အခါတိုင်း အဲဒီရွာနားက ဖြတ်သန်းသွားပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီရွာထဲမှာ စစ်သားတွေက အိမ်ပေါင်း ၁၂၀ နီးပါးကို မီးရှို့ ဖျက်ဆီးခဲ့ဖူးသလို အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၆ ဦးသေ၊ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ BRIက ဆိုပါတယ်။

ပြီးတော့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ အာဏာသိမ်း စစ်တပ်က ချွန်ကျုံးကျေးရွာ နှစ်ခြင်း ခရစ်ယာန် အသင်းတော်ကို ဝင်ရောက် စီးနင်းခဲ့ပြီး လုယက်မှု၊ ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ကြောင်း BRIရဲ့ အရင် အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြခဲ့ဖူးပါတယ်။

ကိုးကား – BRI

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...