Connect with us

Hi, what are you looking for?

သတင်း

ကနီမှာ စစ်တပ်သတ်ဖြတ်မှုကြောင့် ၄လအတွင်း ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(စစ်ကောင်စီမီးရှို့သွားသည့်နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံံ-ပြည့်အောင်နိုင်(ကနီ))

စက်တင်ဘာ ၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ကနီမြို့နယ်၊ မုံရွာ- ချောင်းမ- ယာကြီး- ကလေးဝကားလမ်းမှာ ဧပြီ ၂၈ ရက်ကစပြီး စစ်ကြောင်းထိုးခဲ့ရာ စက်တင်ဘာ ၁ ရက်အထိ ၄လကျော် ကာလအတွင်း ကနီမြို့နယ်တွင်း ကျေးရွာပေါင်း (၃၅)ရွာ ရောက်ရှိခဲ့ပါတယ်။

အဲဒီစစ်ကြောင်း ရောက်ရှိချိန် လေကြောင်းပစ်ခတ်မှု ၂၂ ကြိမ်ထက်မနည်း ရှိခဲ့ပြီး လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၆နှစ်၊ ၃၇နှစ်နဲ့ ၂၂ နှစ်အရွယ် အမျိုး

Public Service Announcement

Public Service Announcement

သား ၃ ဦးနဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အခြား အမျိုးသား ၂ ဦး သေဆုံးခဲ့ရကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

ဒါ့အပြင် ​စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ အသက်၇၈ နှစ် ၊ ၆၀နှစ် ၊ ၄၁နှစ် ၊၃၈နှစ် ၊ ၃၁ နှစ်၊ ၃၀ နှစ်၊ ၂၅ နှစ်စတဲ့ အမျိုးသား ၇ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

“အဲဒီ အမျိုးသား ၇ ဦးထဲမှာ အသက် ၃၈၊ အသက် ၃၁၊ အသက် ၃၀ နှစ် အရွယ် အမျိုးသား ၃ ဦးက စိတ်ကျန်းမာရေးမကောင်းတဲ့ သူများဖြစ်ကြပါတယ်”လို့ ၎င်းက ပြောပါတယ်။

အလားတူ စစ်ကြောင်း ပြန်ပြီးနောက် နေထိုင်ရာကျေးရွာတွေကို ပြန်ကြချိန် မိုင်းထိလို့ အသက် ၃၅ နှစ်နဲ့ ၃၆ နှစ်အရွယ် အမျိုးသား ၂ ဦးပါသေဆုံးခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

ဒဏ်ရာရရှိသူတွေလည်း ၁၂ ဦးထက်မနည်း ရှိခဲ့ပြီး စစ်အုပ်စုမီးရှို့မှုကြောင့် နေအိမ်ပေါင်း ၈၀ ကျော် မီးလောင်ပြာကျ​ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြေပြင်စစ်ကြောင်းအပြင် ချင်းတွင်းမြစ်အတွင်း ရေကြောင်းကနေလည်း အစုန်အဆန်သွားလာနေပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က ကနီမြို့နယ်၊ ရွေစာရေးဝဲကြီးအတွင်းနဲ့ ဝဲကွေ့အောက်ဘက် နှစ်နေရာမှာ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ လိုက်ပါပူးပေါင်းဆောင်ရွက်နေတဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို စစ်ရေပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို