စက်တင်ဘာ ၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ကနီမြို့နယ်၊ မုံရွာ- ချောင်းမ- ယာကြီး- ကလေးဝကားလမ်းမှာ ဧပြီ ၂၈ ရက်ကစပြီး စစ်ကြောင်းထိုးခဲ့ရာ စက်တင်ဘာ ၁ ရက်အထိ ၄လကျော် ကာလအတွင်း ကနီမြို့နယ်တွင်း ကျေးရွာပေါင်း (၃၅)ရွာ ရောက်ရှိခဲ့ပါတယ်။
အဲဒီစစ်ကြောင်း ရောက်ရှိချိန် လေကြောင်းပစ်ခတ်မှု ၂၂ ကြိမ်ထက်မနည်း ရှိခဲ့ပြီး လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၆နှစ်၊ ၃၇နှစ်နဲ့ ၂၂ နှစ်အရွယ် အမျိုး

Public Service Announcement
သား ၃ ဦးနဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အခြား အမျိုးသား ၂ ဦး သေဆုံးခဲ့ရကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ အသက်၇၈ နှစ် ၊ ၆၀နှစ် ၊ ၄၁နှစ် ၊၃၈နှစ် ၊ ၃၁ နှစ်၊ ၃၀ နှစ်၊ ၂၅ နှစ်စတဲ့ အမျိုးသား ၇ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
“အဲဒီ အမျိုးသား ၇ ဦးထဲမှာ အသက် ၃၈၊ အသက် ၃၁၊ အသက် ၃၀ နှစ် အရွယ် အမျိုးသား ၃ ဦးက စိတ်ကျန်းမာရေးမကောင်းတဲ့ သူများဖြစ်ကြပါတယ်”လို့ ၎င်းက ပြောပါတယ်။
အလားတူ စစ်ကြောင်း ပြန်ပြီးနောက် နေထိုင်ရာကျေးရွာတွေကို ပြန်ကြချိန် မိုင်းထိလို့ အသက် ၃၅ နှစ်နဲ့ ၃၆ နှစ်အရွယ် အမျိုးသား ၂ ဦးပါသေဆုံးခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
ဒဏ်ရာရရှိသူတွေလည်း ၁၂ ဦးထက်မနည်း ရှိခဲ့ပြီး စစ်အုပ်စုမီးရှို့မှုကြောင့် နေအိမ်ပေါင်း ၈၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြေပြင်စစ်ကြောင်းအပြင် ချင်းတွင်းမြစ်အတွင်း ရေကြောင်းကနေလည်း အစုန်အဆန်သွားလာနေပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က ကနီမြို့နယ်၊ ရွေစာရေးဝဲကြီးအတွင်းနဲ့ ဝဲကွေ့အောက်ဘက် နှစ်နေရာမှာ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။


















































